ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံ
Ministry of Information/ Naypyitaw / May 16, 2026
နေပြည်တော် မေ ၁၅
ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် ယမန်နေ့က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ဖွင့်လှစ်လျက်ရှိသည့် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁၁၃)၊ အရာထမ်းငယ်သင်တန်း အမှတ်စဉ် (၁၃၆) နှင့် အဆင့်မြင့်အရာထမ်း သင်တန်းအမှတ်စဉ် (၂၉) တို့မှ သင်တန်းသား သင်တန်းသူများ၊ အရာထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ဝန်ထမ်းကောင်းများဖြစ်စေရေး၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး ပုံစံတကျဖြစ်ရေး၊ အတွေးအမြင်နှင့် စိတ်ဓာတ်များကို မြှင့်တင်ပြီး ပြည်သူကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရေး လေ့ကျင့်ပေးနေခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် အသိအမြင်ဗဟုသုတများ ဖလှယ်ကြရန်၊ ယုံကြည်ချက်၊ ခံယူချက် ကောင်းကောင်းနှင့် သင်တန်းအောင်မြင်ပြီးမြောက်အောင် ကြိုးစားဆောင်ရွက်ကြရန် မှာကြား၍ သင်တန်းအိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ သင်တန်းသားရိက္ခာဖူလုံရေး၊ လေ့ကျင့်ရေးဆိုင်ရာများနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာကိစ္စရပ်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း
Posted on May 14, 2026ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း
လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
Posted on May 14, 2026လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း
Posted on May 14, 2026အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း
