ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း တာချီလိတ်မြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၊ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ကျင်းပသည့် The Establishment of Bakery Pastry Training စီမံကိန်းအောင်မြင်စွာပြီးမြောက်ခြင်း အခမ်းအနားတက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း တာချီလိတ်မြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၊ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ကျင်းပသည့် The Establishment of Bakery Pastry Training စီမံကိန်းအောင်မြင်စွာပြီးမြောက်ခြင်း အခမ်းအနားတက်ရောက်
Ministry of Information/ Naypyitaw / June 01, 2025

နေပြည်တော် မေ ၃၁
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ယမန်နေ့က တာချီလိတ်မြို့ရှိ ဝမ်းဂျီဝမ်းဟိုတယ်၌ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)မှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တာချီလိတ်ဒေသရှိ ဟိုတယ်များ၏ ဝန်ဆောင်မှုအရည်အသွေး အစဉ်ကောင်းမွန်နေစေရေး၊ ဟိုတယ်ဝန်ထမ်းများလုပ်ငန်းခွင်တွင် ပိုမိုကျွမ်းကျင်မှုရှိစေရေးနှင့် လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့အတွက် ကျိုင်းတုံမြို့တွင် ဖွင့်လှစ်ထားသည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန သင်တန်းကျောင်း၌ ဟိုတယ်ဝန်ထမ်းများနှင့် ဒေသခံလူငယ်များ တက်ရောက်နိုင်ရေးဝိုင်းဝန်း ဆောင်ရွက်ကြစေလိုပါကြောင်း၊ ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လိုအပ်ချက်နှင့် တွေ့ကြုံနေရသည့် အခက်အခဲများရှိပါက တင်ပြနိုင်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်း ရှင်များအသင်း (ရွှေတြိဂံဇုန်) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုအခြေအနေများနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ-ထိုင်းနယ်စပ် အမှတ် (၁) ချစ်ကြည်ရေးတံတားသို့ ရောက်ရှိပြီး လူဝင်မှုကြီးကြပ်ရေးဌာနမှ ကျိုင်းတုံမြို့သို့ သွားရောက်လည်ပတ်လိုသော ထိုင်းနိုင်ငံသားများနှင့် တတိယနိုင်ငံသားများကို အီးပီ(Entry Permit Card) ထုတ်ပေးနေမှုကိုကြည့်ရှုပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တာချီလိတ်ရုံးခွဲမှ ဖွင့်လှစ်ထားသော သတင်းနှင့်ပြန်ကြားရေးကောင်တာ (Tourist Information Counter) သို့ ဝင်ရောက်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။
ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ၂၀၂၂ ဖြင့် ဆောင်ရွက်သည့် The Establishment of Bakery & Pastry Training စီမံကိန်း အောင်မြင်စွာ ပြီးမြောက်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ကိုယ်စားလှယ်၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ) ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အရာထမ်း/ အမှုထမ်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ စီမံကိန်းမန်နေဂျာ၊ မုန့်ဖုတ်ကျွမ်းကျင်ပညာရှင်နှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍရှိ လူငယ်၊ လူရွယ်၊ အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးနိုင်သည့်အပြင် သင်တန်းတက်ရောက် အောင်မြင်ပြီးသူများအနေဖြင့်လည်း မုန့်ဖုတ်အတတ်ပညာများဖြင့် အသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်း ပြောကြားသည်။
ထို့နောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုအမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက စီမံကိန်းမန်နေဂျာနှင့် မုန့်ဖုတ်ကျွမ်းကျင်ပညာရှင်တို့အား ဂုဏ်ပြုလက်မှတ်များပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Posted on Jun 2, 2025အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
မြေဩဇာရည်ညွှန်းဈေးနှုန်းများ သိရှိနိုင်ပါရန် ကြေညာခြင်း
Posted on Jun 2, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၈/၂၀၂၅)
Posted on May 30, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၈/၂၀၂၅)