ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပိုက်ကျော်ခြင်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားရုံ (A)နှင့် ရေကူးကန်ပြုပြင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပိုက်ကျော်ခြင်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားရုံ (A)နှင့် ရေကူးကန်ပြုပြင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


Ministry of Hotel & Tourism/ နေပြည်တော် / August 11, 2025


နေပြည်တော် ဩဂုတ် ၉

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက် ရှိသည့် ပိုက်ကျော်ခြင်း အမျိုးသား/ အမျိုးသမီးအားကစားသမားများနှင့် အမျိုးသမီးကွင်းသွင်း ခြင်းခတ် အားကစားသမားများ၏ အဖွဲ့လိုက်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး အားကစား သမားများကို ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ Max Myanmar Construction Co., Ltd. မှ ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ဝဏ္ဏသိဒ္ဓိရေကူးကန်အတွင်းရှိ လေ့ကျင့်ရေးရေကူးကန် ကြမ်းခင်းကျွံကျနေမှု၊ ရေသန့်စင်ရန်အတွက် ကလိုရင်း(Chlorine)ကန်နှင့် ရေပိုက်လိုင်းများ ပြုပြင်သန့်စင်နေမှုနှင့် အုတ်နံရံအတွင်း/အပြင် ပြိုကျနေမှုများအား ပြန်လည် ပြုပြင် ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစား သမားများ ရေကူးလေ့ကျင့်ခန်းများ ပြုလုပ်နိုင်စေရန်အတွက် ရေကူးကန်ပြုပြင်မှုကို ဦးစားပေး ဆောင်ရွက်ပေးစေလိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးဦးစားပေးဆောင်ရွက်ရန်နှင့် အဆောက်အအုံများကို သဘာဝ ဘေးအန္တရာယ်ဒဏ်နှင့် ရာသီဥတုဒဏ်ခံနိုင်စေရန်၊ ရေရှည်တည်တံ့စေရန်နှင့် သတ်မှတ် စံချိန်/ စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီပြီး အမြန်ဆုံးတည်ဆောက်ပြီးစီးစေရေးတို့အတွက် စိစစ် ကြပ်မတ်ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း၏ရုံးဝင်းအတွင်းဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့်ဝန်ထမ်းများနှင့် မိသားစုဝင်များ ယာယီ နေထိုင်နိုင်ရန်အတွက် အိပ်ခန်းတစ်ခန်းပါ Container House များနှင့် ယာယီနေထိုင်သည့် နေရာများ ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို တွေ့ဆုံ၍ အားပေး စကားပြောကြားသည်။

ယင်းနောက် ဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မိသားစုဝင်များ ယာယီနေထိုင် နေသည့်နေရာများသို့ သွားရောက်တွေ့ဆုံပြီး လျှပ်စစ်မီးများ စနစ်တကျသုံးစွဲကြရန်၊ အိပ်ဆောင် ဘေးပတ်ဝန်းကျင်များကို အပတ်စဉ်သန့်ရှင်းရေးဆောင်ရွက်ကြရန်၊ အမှိုက်များသတ်မှတ်နေရာ တွင်သာ စွန့်ပစ်ကြရန်၊ အိပ်ဆောင်များတွင် အဆောင်တာဝန်ခံများထားပြီး စည်းကမ်းထိန်းသိမ်း ရေး၊ လုံခြုံရေးတို့ကို ကြီးကြပ်ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Source From: MyanmarAlin

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက် ၊ သြဂုတ် ၁၁ ရက်၊ တနင်္လာနေ့။


Posted on Aug 10, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် ၊ သြဂုတ် ၁၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 10, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက် ၊ သြဂုတ် ၉ ရက်၊ စနေနေ့။


Posted on Aug 09, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ ၊ သြဂုတ် ၈ ရက်၊ သောကြာနေ့။


Posted on Aug 08, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက် ၊ သြဂုတ် ၇ ရက်၊ ကြာသပတေးနေ့။


Posted on Aug 07, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက် ၊ သြဂုတ် ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Aug 06, 2025
AnnouncementsExplore more >

သတင်းထုတ်ပြန်ချက်

Posted on Aug 9, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ ဦးမြင့်ဆွေသည် ၇-၈-၂၀၂၅ ရက်နေ့တွင် ကွယ်လွန်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်ကို ရန်ကုန်မြို့၊ စကားဝါလမ်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၈-၈-၂၀၂၅ ရက်နေ့မှစတင်၍ ဖွင့်လှစ်ထားရာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများက ဝမ်းနည်းကြောင်း လာရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။

“တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့အသိပေးခြင်း”

Posted on Aug 7, 2025

“တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့အသိပေးခြင်း”

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ

Posted on Aug 7, 2025

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ