ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း နိုင်ငံတော်ကချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များရရှိခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြု
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း နိုင်ငံတော်ကချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များရရှိခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြု
Ministry of Information/ Naypyitaw / November 18, 2025
နေပြည်တော် နိုဝင်ဘာ ၁၇
စက်မှုဝန်ကြီးဌာနမှ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များရရှိခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုသည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ ဂုဏ်ထူးဆောင် တံဆိပ်ရရှိသည့် ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီလက်ထက်တွင် နိုင်ငံတော်ကချီးမြှင့်အပ်နှင်းသည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်း ၃၆ ဦး ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် စီမံထူးချွန်တံဆိပ်(တတိယအဆင့်) ၁၂ ဦး၊ စက်မှုစီးပွား ထူးချွန် တံဆိပ်(တတိယအဆင့်)ငါးဦး၊ ဝန်ဆောင်စီးပွား ထူးချွန်တံဆိပ်(တတိယအဆင့်)တစ်ဦး စုစုပေါင်း ဝန်ထမ်း ၁၈ ဦးရရှိခဲ့ကြောင်း၊ ရရှိခဲ့သည့် ဝန်ထမ်းများသည် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီးတွင် ထူးကဲစွာစွမ်းဆောင်ခဲ့သူများ၊ မန္တလေးငလျင်ကြီး ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှုများနှင့်စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများ၊ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၊ သံမဏိစက်ရုံစီမံကိန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ ဖြစ်ကြောင်း၊ ဦးစီးဌာန/လုပ်ငန်းများအနေဖြင့် ဝန်ထမ်းများအား ဂုဏ်ထူးဆောင်တံဆိပ်များ ထပ်မံချီးမြှင့်နိုင်ရေးအတွက် သေချာစွာစိစစ်ပြီး တင်ပြပေးကြရန်နှင့် မိမိတို့ဝန်ကြီးဌာနနှင့် ဆပ်စပ်လုပ်ကိုင် လျက်ရှိသည့် ပြင်ပအဖွဲ့အစည်းများမှ ပညာရှင်များ၊ ငလျင်ကာလတွင် လာရောက်ကူညီဆောင်ရွက်ပေးခဲ့သည့် ပညာရှင်များကိုလည်း ထောက်ခံတင်ပြပေးကြရန် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ထူး ဆောင်တံဆိပ်များရရှိခဲ့သည့် ဝန်ထမ်းတစ်ဦးချင်းစီအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများပေးအပ်သည်။
မွန်းလွဲပိုင်းတွင် တက္ကသိုလ်ဝင်တန်းပြီးမြောက်သူများအား စက်မှုသင်တန်းကျောင်းတွင် လေ့ကျင့်သင်ကြားနိုင်ရေးနှင့် ITC ပညာရေးနှင့် လေ့ကျင့်ရေးမြှင့်တင်မှုအစည်းအဝေးကို ဆက်လက်ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုသင်တန်းကျောင်းများအနေဖြင့် Grade 12 သင်ယူပြီးမြောက်သူများအတွက် စက်မှုကျွမ်းကျင် တစ်နှစ်၊ နှစ်နှစ်သင်တန်းများ၊ Grade 9 သင်ယူပြီးမြောက်သူများအတွက် ကျွမ်းကျင်မှုအခြေပြုကာလတို သုံးလသင်တန်းများ၊ Grade 5 ပြီးမြောက်သူများအတွက် စက်မှုနှင့်သက်မွေးပညာ ရွေ့လျားသင်တန်းများကို ဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း၊ စက်မှုသင်တန်းကျောင်းများမှ သင်တန်းဆင်းကျောင်းသား ကျောင်းသူ များကို တစ်ဆင့်မြင့်သင်တန်းများ တက်ရောက်ပြီး ပညာဆက်လက်သင်ယူခွင့်ရရှိနိုင်ရေး ဖော်ဆောင် ပေးရမည်ဖြစ်ကြောင်း၊ ရေရှည်မဟာဗျူဟာအစီအမံကို စနစ်တကျအကောင်အထည်ဖော်ခြင်းဖြင့် “ITC ပညာရေးနှင့် လေ့ကျင့်ရေးမြှင့်တင်မှုဆိုင်ရာ” စီမံချက်များကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စက်မှုသင်တန်းကျောင်းများကို ပုဂ္ဂလိကစက်မှုလုပ်ငန်းများ အများစုတည်ရှိသည့် နေရာများတွင် တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က ITC ပညာရေးနှင့် လေ့ကျင့်ရေးမြှင့်တင်မှုဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျောင်းအုပ်ကြီးများက စက်မှု သင်တန်းကျောင်းများ၏ အရည်အသွေးမြှင့်တင် နိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
Posted on Nov 18, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Posted on Nov 17, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Posted on Nov 16, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Posted on Nov 15, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
Posted on Nov 14, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
Posted on Nov 13, 2025
မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် (၆) လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်
Posted on Nov 18, 2025မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် (၆) လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Posted on Nov 12, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
Posted on Oct 31, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
