ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် မြန်မာ - ကိုရီးယားစီးပွားရေးနှင့်လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့အစည်းမှ လေ့လာရေးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် မြန်မာ - ကိုရီးယားစီးပွားရေးနှင့်လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့အစည်းမှ လေ့လာရေးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေး


Ministry of Information/ Naypyitaw / October 30, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၂၉

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝါဝါမောင်သည် ကိုရီးယားနိုင်ငံအခြေစိုက် မြန်မာ- ကိုရီးယား စီးပွားရေးနှင့်လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့အစည်းမှ Mr. Choi Shin-iL ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ရုံးအမှတ်(၁ ) နေပြည်တော်၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသို့စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းတံတား၊ လျှပ်စစ်မီး စသည့်အခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍများတွင် ကိုရီးယားနိုင်ငံမှ ODA ချေးငွေနှင့် အကူအညီအထောက်အပံ့များရရှိခဲ့ပါ ကြောင်း၊ ကိုရီးယားနိုင်ငံ၏ ဆယ်မားအူးလ်အွန်ဒုန် (Saemaul Undong) စံပြကျေးရွာဖွံ့ဖြိုးမှု စီမံကိန်း သည် မိမိတို့နိုင်ငံအတွက် လိုက်ပါဆောင်ရွက်နိုင်သည့် ပုံစံကောင်းတစ်ခုဖြစ်ခဲ့ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် မိတ်ဆွေ ဟောင်းနိုင်ငံများနှင့်သာမက မိတ်ဆွေသစ်နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ကိုရီးယားနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုတွင် အဆင့် ၆ နှင့် ကုန်သွယ်မှုတွင် အဆင့် ၉ နေရာတွင်ရှိပါကြောင်း၊ ခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ အထူးသဖြင့် CMP အထည်ချုပ် လုပ်ငန်းများတွင် ကိုရီးယားနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများကို အသိအမှတ်ပြုပါကြောင်း၊ မြန်မာနိုင်ငံတွင် ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများရှိနေသဖြင့် ကိုရီးယားလုပ်ငန်းရှင်များ အသိုင်းအဝိုင်းလည်း ခိုင်မာစွာတည်ရှိနေပြီဖြစ်ပါကြောင်း၊ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုအသစ်များကိုလည်း ဖိတ်ခေါ်ပါကြောင်းနှင့် မိမိတို့အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်း ဖြစ်ပေါ်စေရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြန်မာ - ကိုရီးယား စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့အစည်းမှ ဥက္ကဋ္ဌ ဖြစ်သူ Mr. Choi Shin-iL က ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန် စိတ်ဝင်စားလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရရှိမည့်အကျိုးကျေးဇူးများနှင့် ဥပဒေ၊ နည်းဥပဒေအရ ကူညီပံ့ပိုးပေးမည့် အခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ် များကိုလည်း စိတ်ဝင်စားပါကြောင်းနှင့် မကြာမီကာလတွင် ကိုရီးယားနိုင်ငံမှ ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာဆွေးနွေးကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများအပါအဝင် ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

မြန်မာ- ကိုရီးယား စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့အစည်းတွင် ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်း၊ Digital X-Ray Detector ထုတ်လုပ်သည့်လုပ်ငန်း၊ စက်ရုံးသုံးပန်ကာများ ထုတ်လုပ်သည့်လုပ်ငန်း၊ ဗို့အားမြှင့်ပါဝါ ဝိုင်ယာကြိုးထုတ်လုပ်သည့်လုပ်ငန်း၊ ဆက်သွယ်ရေးကိရိယာနှင့် ကွန်ရက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ Screen-Golf လုပ်ငန်းနှင့် ဘိလပ်မြေထုတ်လုပ်သည့်လုပ်ငန်းစသည့် ကဏ္ဍများမှ ကုမ္ပဏီကိုယ်စားလှယ်များပါဝင် တက်ရောက်ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Posted on Nov 01, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Posted on Oct 31, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Posted on Oct 30, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 29, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Posted on Oct 28, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Posted on Oct 27, 2025
AnnouncementsExplore more >

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့်...

Posted on Nov 1, 2025

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀‌၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

Posted on Nov 1, 2025

ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀‌၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

Posted on Nov 1, 2025

ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

HOT NEWS
January 4,