ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အား လက်ခံတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အား လက်ခံတွေ့ဆုံ
Ministry of Information/ Naypyitaw / December 04, 2025
နေပြည်တော် ဒီဇင်ဘာ ၃
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် မစ္စတာဂျေမီနာ ဒယ်ရွိုက်အား ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် UNFPA အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိရေး ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် မိခင်သေဆုံးမှုလျှော့ချ ရေးလုပ်ငန်းများတွင် UNFPA က ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ၂၀၂၆ ခုနှစ်အတွင်း ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် မိခင်နှင့်မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တက်ရောက်
ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ UNFPA ရုံးမှ ကိုယ်စား လှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ဥပဒေပညာဌာန စီးပွားရေးလုပ်ငန်းဆိုင်ရာဥပဒေ အသိအမှတ်ပြုလက်မှတ်သင်တန်း (CBL Batch-II) သင်တန်းသားအမည်စာရင်း ကြေညာခြင်း
Posted on Dec 4, 2025Myanmar National Human Rights Commission Statement (16/ 2025)
Posted on Dec 3, 2025မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၆/၂၀၂၅)
Posted on Dec 2, 2025
