ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လပွတ္တာမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လပွတ္တာမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်တွေ့ဆုံ
Ministry of Information/ Naypyitaw / December 12, 2025
နေပြည်တော် ဒီဇင်ဘာ ၁၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ရှိ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တကောဏ္ဍညအမှူးပြုသော ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထား၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အနုမောဒနာတရား နာယူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လပွတ္တာမြို့ရှိ ဆည်မြောင်းဧည့်ရိပ်သာခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးဆောင်ရွက်ထားရှိမှု၊ မဲဆန္ဒရှင်စာရင်းတိကျမှန်ကန်ရေး ဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လပွတ္တာမြို့ (၃)မိုင် ရပ်ကွက်ရှိ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံး၌ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအနေဖြင့် နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေးအတွက် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ရန်လိုအပ်မှု၊ ရွေးကောက်ပွဲတွင် နိုင်ငံသားကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် ကတ်ပြားပျက်စီး၊ ပျောက်ဆုံးသူများအနေဖြင့် သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးရုံးများသို့ ဆက်သွယ်လျှောက်ထားရယူရေး၊ နိုင်ငံသားကတ်ပြား ရရှိကိုင်ဆောင်ထားသူများအနေဖြင့်လည်း Unique ID နံပါတ် ရရှိရေး ဆက်လက်ဆောင်ရွက်ရန် တို့ကို ရှင်းလင်းဆွေးနွေးပြောကြား၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံးအတွက် ဆိုလာမီးများပေးအပ်သည်။
ယင်းနောက် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လပွတ္တာခရိုင်ဦးစီးမှူးရုံး၌ ရုံးလုပ်ငန်းဆောင်ရွက်နေမှု၊ ရုံးစာရွက်စာတမ်းများ ထိန်းသိမ်းထားရှိမှုအခြေအနေများကိုလည်းကောင်း၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံး၌ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်မှုအတွက် မိတ္တူဆောင်ရွက်ပေးပြီး Unique ID နံပါတ်ထုတ်ပေးဆောင်ရွက်နေမှု၊ ရုံးစာရွက်စာတမ်းများ ထိန်းသိမ်းထားရှိမှုနှင့် မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျထိန်းသိမ်း ထားရှိမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးမှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ရုံးများအတွက် ဆိုလာမီးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များ၊ ပွဲစဉ်များ နှင့် ဆုတံဆိပ်ရရှိမှု (၁၁/၁၂-၁၂-၂၀၂၅)
Posted on Dec 12, 2025(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များ၊ ပွဲစဉ်များ နှင့် ဆုတံဆိပ်ရရှိမှု (၁၀/၁၁-၁၂-၂၀၂၅)
Posted on Dec 11, 2025အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဖွဲ့စည်းခြင်း
Posted on Dec 10, 2025အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဖွဲ့စည်းခြင်း
