ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပေ (၁၈၀) တံတားသစ်ဖွင့်ပွဲ၊ ကုန်ထုတ်လမ်းဖွင့်ပွဲနှင့် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းအဝေး တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပေ (၁၈၀) တံတားသစ်ဖွင့်ပွဲ၊ ကုန်ထုတ်လမ်းဖွင့်ပွဲနှင့် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းအဝေး တက်ရောက်


Ministry of Information/ Naypyitaw / December 31, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၃၀

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ၊ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေတို့ဖြင့် တည်ဆောက်ခဲ့သော နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ညောင်ပင်သာ-ရှားတော ကျေးရွာ ချင်းဆက်လမ်းပေါ်ရှိ Submersible Bridge ပေ (၁၈၀) ရေနိမ့်တံတားဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတံတား၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကောင်စီအတွင်း ကျေးလက်လမ်းတံတားများ ဆောင်ရွက်ပေးနေမှုအခြေအနေကို ရှင်းလင်းပြောကြားကာ ကျေးရွာသူကျေးရွာသားများကိုယ်စား ဒေသခံပြည်သူတစ်ဦးက တံတားတည်ဆောက်ပေးသည့်အတွက် ကျေးဇူးတင်စကားပြောကြားသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တံတားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တံတားသစ်ကို ဖြတ်သန်းကြည့်ရှုစစ်ဆေး၍ တပ်ကုန်းမြို့ “လှ” ချည်မျှင်ထုတ်လုပ်ရေးသမဝါယမအသင်း၏ “လှ” ဝါကြိတ်စက်ရုံနှင့် စက်ရက်ကန်းရုံ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

လှည့်လည်ကြည့်ရှုစစ်ဆေး

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စု အုန်းပင်စုကျေးရွာ၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဖောက်လုပ်ပေးခဲ့သည့် အုန်းပင်စုကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲသို့ တက်ရောက်ပြီး ကုန်ထုတ်လမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ကျေးရွာသူ ကျေးရွာသားများကိုယ်စား ဒေသခံပြည်သူတစ်ဦးက ကုန်ထုတ်လမ်းအတွက် ကျေးဇူးတင်စကားပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားပြီး ဦးဆောင်ကော်မတီအတွင်းရေးမှူးက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် (၃) လအတွက် ကုမ္ပဏီအလိုက် ထောက်ခံပေးထားသည့် မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များ မှတ်တမ်းတင်ပေးနိုင်ရန်နှင့် ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှုကိုလည်းကောင်း၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက မြေဩဇာနှင့် ပိုးသတ်ဆေးများ ဝယ်ယူဖြန့်ဖြူးရောင်းချမှု အခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဖြည့်စွက်မှာကြား

ထို့နောက် ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်တို့မှ ကိုယ်စားလှယ်များနှင့် ကော်မတီအဖွဲ့ဝင်ဦးစီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကားပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ဦးစီးဌာနများမှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 31, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


Posted on Dec 30, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


Posted on Dec 29, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Dec 28, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စ​နေနေ့။


Posted on Dec 27, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။


Posted on Dec 26, 2025
AnnouncementsExplore more >

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

Posted on Dec 30, 2025

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

Posted on Dec 30, 2025

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာတို့နှင့်စပ်လျဉ်း၍ အသိပေးထုတ်ပြန်ကြေညာခြင်း

Posted on Dec 30, 2025

ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာတို့နှင့်စပ်လျဉ်း၍ အသိပေးထုတ်ပြန်ကြေညာခြင်း

HOT NEWS
January 4,