ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် စပ်လျဉ်း၍ ပြည်နယ်အတွင်းရှိ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့်တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် စပ်လျဉ်း၍ ပြည်နယ်အတွင်းရှိ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့်တွေ့ဆုံ

Ministry of Information/ Naypyitaw / January 12, 2026
image_latest

မြစ်ကြီးနား ဇန်နဝါရီ ၁၁

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးအစည်းအဝေးခန်းမ၌ ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှုဆိုင်ရာ အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မှူးများ၊ လျှပ်စစ်ဝန်ထမ်းများ၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနနှင့် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနတို့မှ အရာထမ်း/ အမှုထမ်းဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက လက်ရှိဓာတ်အား လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက်ထုတ်လုပ်ရရှိအောင် နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်လုပ်ရရှိသော လျှပ်စစ်ဓာတ်အားများကိုလည်း ပြည်သူများထံသို့ ပိုမိုတိုးတက်ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဖြန့်ဖြူးရေးဓာတ်အားလိုင်းများ တိုးတက်ကောင်းမွန် အောင် ဟန်ချက်ညီညီစီမံဆောင်ရွက်ပေးလျက် ရှိကြောင်း။

ဝန်ထမ်းများအနေဖြင့်လည်း ဓာတ်အားပြည့်ပြည့်ဝဝဖြန့်ဖြူးပေးနိုင်ရေးကို အလေးထားဆောင်ရွက်ရေး၊ နိုင်ငံတော်ဘဏ္ဍာအလေအလွင့် မရှိစေရေးအတွက် သက်ဆိုင်ရာမြို့နယ်များအလိုက် ဓာတ်အားပျောက်ဆုံးလျော့နည်းမှုမရှိစေရေး၊ ဓာတ်အားခကြွေးကျန်များ အလေအလွင့်မရှိစေရေးနှင့် အပြည့်အဝကောက်ခံရရှိနိုင်ရေးကို အလေးထားဆောင်ရွက်သွားရေး၊ လျှပ်စစ်အန္တရာယ်ဖြစ်ပေါ်မှု မရှိစေရေးအတွက် ရပ်ကွက်၊ ကျေးရွာများရှိ ဓာတ်အားဖြန့်ဖြူးပေးထားသော ထရန်စဖော်မာများတွင် ဝင်းခြံများ စနစ်တကျဆောင်ရွက်ထားရေး၊ မီတာ များ ခွင့်ပြုမိန့်ချထားရာတွင်လည်း ဌာနမှသတ်မှတ်ထားသော နှုန်းထားအတိုင်းသာ ကောက်ခံသွားရေး၊ ထို့အပြင် တရားမဝင်ဓာတ်အားသုံးစွဲမှုများ မရှိစေရေးအတွက် စစ်ဆေးရေးအဖွဲ့များဖွဲ့စည်းပြီး စစ်ဆေးဖော်ထုတ်အရေးယူသွားရေး၊ အထူးသဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကိုလည်း သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ကြပ်မတ်စစ်ဆေးဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း မှာကြားသည်။

ထို့နောက် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက် မှုလျော့နည်းကျဆင်းစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဘဏ္ဍာရေးနှစ်အလိုက် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ ဓာတ်အားခကောက်ခံရရှိမှု၊ ဓာတ်အားခကြွေးကျန် လျော့နည်းစေရေးနှင့် နယ်မြေအခြေအနေအရ ယာယီတိမ်းရှောင်ဝန်ထမ်းများ တွဲဖက်တာဝန်ချပေးထားမှုအခြေအနေများကို ရှင်းလင်းတင်ပြရာပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကိုမှာကြားပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာ လက်ဆောင်ပစ္စည်းများနှင့် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။

Posted on Jan 12, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။

Posted on Jan 11, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။

Posted on Jan 10, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။

Posted on Jan 09, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။

Posted on Jan 07, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။

Posted on Jan 07, 2026
AnnouncementsExplore more >

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Jan 12, 2026

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

Posted on Jan 9, 2026

HOT NEWS
January 4,