ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် တွေ့ဆုံ၍ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် Fire Hotspots ဖြစ်ပွားမှု လျှော့ချရေးကိစ္စရပ်များအား ဆွေးနွေးပြောကြား

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် တွေ့ဆုံ၍ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် Fire Hotspots ဖြစ်ပွားမှု လျှော့ချရေးကိစ္စရပ်များအား ဆွေးနွေးပြောကြား


Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / January 28, 2026


 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများလိုက်ပါလျက် ၂၆-၁-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်ရှိ သတ္တုကျိုချက်သန့်စင် စမ်းသပ်စက်ရုံသို့ သွားရောက် ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက အခြေခံကုန်ကြမ်းရရှိမှု၊ ကျိုချက်ရေးပစ္စည်းများနှင့် လုပ်ငန်းစဉ်များ၊ ထွက်ရှိလာသော ထုတ်ကုန်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သတ္တုကုန်ကြမ်းများမှ တန်ဖိုးမြှင့် ကုန်ချောထုတ်ကုန်များရရှိအောင် ပြည်တွင်း၌ စမ်းသပ် ထုတ်လုပ်နေမှုအား အထူးအားပေးပါကြောင်း၊ လိုအပ်သော နည်းပညာနှင့် ဓာတ်ခွဲစမ်းသပ်မှုများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ခဲ့ပြီး ယခုစမ်းသပ် လည်ပတ်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ကျိုချက်သန့်စင်မှု လုပ်ငန်းအဆင့်ဆင့်ကိုလည်း ဆက်လက်၍ အဆင့်မြှင့်တင် ဆောင်ရွက်သွားရန်နှင့် အရည်အသွေးပြည့်ဝသော ထုတ်ကုန်များရရှိအောင် ကြိုးပမ်း ဆောင်ရွက်သွားရန်မှာကြားပြီး စမ်းသပ်စက်ရုံအတွင်း ဆောင်ရွက်နေသော လုပ်ငန်းအဆင့်ဆင့်နှင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ထားမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့၊ စက်မှုဇုန်ရှိ သတ္တုသန့်စင်စက်ရုံအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့၊ မြို့တော်ခန်းမတွင် ဌာနဆိုင်ရာ တာဝန်ခံများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၄၃၀) ဦးနှင့် တွေ့ဆုံ၍ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုနှင့် Fire Hotspots ဖြစ်ပွားမှု လျှော့ချရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက မဲခေါင်ဒေသနိုင်ငံများတွင် နှစ်စဉ် Fire Hotspots ၁၆၀,၀၀၀ ခန့် ဖြစ်ပေါ်လေ့ရှိပြီး နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် ထိုင်းနိုင်ငံမြောက်ပိုင်း၊ မြန်မာနိုင်ငံ အရှေ့ပိုင်းနှင့် လာအိုနိုင်ငံတို့တွင် အဓိကဖြစ်ပေါ်လေ့ရှိသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် Fire Hotspots ဖြစ်ပေါ်မှု လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံတကာနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ Fire Hotspots နှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှုကိုဖြစ်ပေါ်စေသော တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းများ မရှိစေရေးအတွက် ဒေသခံများအား၊ အသိပညာပေးခြင်း၊ စစ်ဆေးကြပ်မတ်ခြင်းများအား ဆက်စပ် ဌာနများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ရလဒ်အဖြစ် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၌ ၂၀၂၄ ခုနှစ်တွင် Fire Hotspots ၄၈၇၆ ခု ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ၃၄၀၂ ခု ဖြစ်ပေါ်ခဲ့သဖြင့် ၃၀ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ကြောင်း၊ အလားတူ တာချီလိတ်ခရိုင်တွင် ၂၀၂၄ ခုနှစ်တွင် ၁၀၄၉ ခု ဖြစ်ပေါ်ခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၄၂၅ ခုသာ ဖြစ်ပေါ်ခဲ့သည့်အတွက် ၅၉ ရာခိုင်နှုန်းအထိ လျော့နည်းသွားသည်ကို တွေ့ရှိရသဖြင့် အားလုံး ပူးပေါင်းဆောင်ရွက်ခြင်း၏ အကျိုးရလဒ်တစ်ခုပင်ဖြစ်ကြောင်း၊ ဆက်လက်၍ မီးခိုးမြူငွေ့ကင်းစင်ပြီး သန့်ရှင်းကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ဖြစ်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က “နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး ပူးပေါင်းပါဝင်ပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က “သစ်တောထိန်းသိမ်းရေးနှင့် ကျေးလက်၊ မြို့ပြများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး တင်ပြဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ တွေ့ဆုံပွဲအား ရုပ်သိမ်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့၏ လေထုအရည်အသွေး တိုင်းတာနေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 28, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


Posted on Jan 27, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


Posted on Jan 26, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 25, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Posted on Jan 24, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Posted on Jan 23, 2026
AnnouncementsExplore more >

ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

Posted on Jan 27, 2026

ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

Posted on Jan 27, 2026

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း