ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် (၄) ကြိမ်မြောက် အနာဂတ်နည်းပညာများဆိုင်ရာ ဖိုရမ်တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် (၄) ကြိမ်မြောက် အနာဂတ်နည်းပညာများဆိုင်ရာ ဖိုရမ်တက်ရောက်


Ministry of Information/ Naypyitaw / February 27, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၆

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ World Trade Center ၌ ဖေဖော်ဝါရီ ၂၅ ရက်နှင့် ၂၆ ရက်တွင် ကျင်းပသည့် (၄) ကြိမ်မြောက် အနာဂတ်နည်းပညာများဆိုင်ရာဖိုရမ်သို့ တက်ရောက်သည်။

ဖိုရမ်တွင် ဇီဝစီးပွားရေးဆိုင်ရာ ထုတ်ကုန်ပစ္စည်းထုတ်လုပ်မှုသုတေသနများ၊ ဇီဝနည်းပညာအသုံးပြုစွန့်ပစ်ပစ္စည်းများမှ ကုန်ပစ္စည်းအသစ်ထုတ်လုပ်နိုင်မှုများ၊ ဇီဝဂေဟစနစ်သဘောသဘာဝများ၊ ဇီဝနည်းပညာအခြေပြုတွက်ချက်မှုစနစ်များ တီထွင်ဖန်တီးမှု၊ စိုက်ပျိုးရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများတွင် ဇီဝနည်းပညာအသုံးချနိုင်မှုများ၊ ဇီဝနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ဥပဒေလုပ်ထုံးလုပ်နည်းများ သတ်မှတ်ရေးဆိုင်ရာကိစ္စရပ်များ၊ အစိမ်းရောင်စွမ်းအင်စနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုများနှင့် စပ်လျဉ်း၍ ပြခန်းများ စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က အထူးဧည့်သည် တော်အဖြစ်တက်ရောက်၍ မိန့်ခွန်းပြောကြားရာတွင် အနာဂတ်နည်းပညာအခန်းကဏ္ဍ၌ ဇီဝနည်းပညာနှင့် သတင်းအချက်အလက်နည်းပညာ၊ ဉာဏ်ရည်တုနည်းပညာတို့၏ အရေးပါမှုတို့ကို အလေးထားပြောကြားသည်။

အဆိုပါဖိုရမ်သို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းတို့ ပါဝင်တက်ရောက်ခဲ့ပြီး ဆက်နွှယ်သည့် နည်းပညာကဏ္ဍအလိုက် စကားဝိုင်းဆွေးနွေးပွဲများသို့ တက်ရောက်ခြင်း၊ ပြခန်းများလှည့်လည် ကြည့်ရှုခြင်း၊ ပညာရှင်များ၊ သုတေသီများနှင့် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Posted on Feb 27, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Feb 26, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 25, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Feb 24, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Feb 23, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 22, 2026
AnnouncementsExplore more >

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

Posted on Feb 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

Posted on Feb 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

Posted on Feb 26, 2026

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ