ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ဆွေးနွေး
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ဆွေးနွေး
Ministry of Information/ Naypyitaw / April 16, 2026
နေပြည်တော် ဧပြီ ၁၅
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်နှင့်အတူ ဧပြီ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် တရုတ်နိုင်ငံပိုင် China Railway Beijing Engineering Group Co., Ltd သို့ သွားရောက်ပြီး ကုမ္ပဏီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ MEIGE Joint Energy Holding Co., Ltd ကုမ္ပဏီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ Yunnan-Irrawaddy Supply Chain မှ President ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလိုသည့်အတွက် မေးမြန်းဆွေးနွေးမှုများ၊ မြန်မာနိုင်ငံ၏ သက်တမ်းရင့်ရေနံမြေများတွင် ပေနက်တွင်းများတူးဖော်ရန် စိတ်ဝင်စား၍ မေးမြန်း ဆွေးနွေးမှုများ၊ ရေနံချက်စက်ရုံ တည်ဆောက်၍ ရင်းနှီးမြှုပ်နှံရန် မေးမြန်းဆွေးနွေးမှုများ၊ နေရောင် ခြည်စွမ်းအင်အပါအဝင် ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်းများ ဆောင်ရွက်လို၍ မေးမြန်းဆွေးနွေးမှုများ၊ မြန်မာနိုင်ငံ၏ စွမ်းအင်ဖူလုံရေးနှင့်လုံခြုံရေးအတွက် ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းများ တင်သွင်း သည့် Supply Chain တစ်လျှောက် ပူးပေါင်းဆောင်ရွက်လိုသည့် မေးမြန်းဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပြီး မြေပြင်အခြေအနေကို လာရောက်ကြည့်ရှု၍ အသေးစိတ်ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Posted on Apr 10, 2026ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
