ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း)ရှိ မန္တလေးငလျင်ကြောင့် ပျက်စီးသွားသောလမ်း၊ တံတားများပြုပြင်ပြီးစီးမှုနှင့် ဆွာချောင်းတံတားအသစ် ပြန်လည်တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း)ရှိ မန္တလေးငလျင်ကြောင့် ပျက်စီးသွားသောလမ်း၊ တံတားများပြုပြင်ပြီးစီးမှုနှင့် ဆွာချောင်းတံတားအသစ် ပြန်လည်တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / April 20, 2026
image_latest


နေပြည်တော် ဧပြီ ၁၉

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော် - ရန်ကုန်လမ်းပိုင်း)တွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများအား ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် မိုင်တိုင်အမှတ် (၁၆၅/၁) ရှိ ဆွာချောင်းတံတား အသစ်တည်ဆောက်နေသည့်အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုင်တိုင်အမှတ်(၁၆၅/၁)ရှိ ဆွာချောင်း တံတားသို့ရောက်ရှိပြီး လုပ်ငန်းခွင်ရှင်း လင်းဆောင်၌ တံတားတည်ဆောက်ရေး အဖွဲ့တာဝန်ခံက ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော တံတားနေရာတွင် တံတားအသစ် အစားထိုးတည်ဆောက်ရာတွင် ငလျင်ပြင်းအား ၈ အထိခံနိုင်သောဒီဇိုင်း ရေးဆွဲဆောင်ရွက်ထားသည့်အခြေအနေ၊ မြေငလျင်ဒဏ်ခံနိုင်သည့် ဒီဇိုင်းရရှိရေးအတွက် မြေစမ်းသပ်ခြင်းလုပ်ငန်းများအပြင် ကျွမ်းကျင်ပညာရှင်များဖြင့် ဘူမိရူပဗေဒတိုင်းတာခြင်း (Geophysical Survey) ရလဒ်များအရ (Soil Improvement) မြေသားခံနိုင်ဝန်မြင့်တက်စေရေး ဆောင်ရွက်ခဲ့မှု၊ တည်ဆောက်ရေးလုပ်ငန်းစဉ်များအရ Pile Cap , Pier Shaft နှင့် Top Beam များ ပြုလုပ်ခြင်း၊ Steel Plate Girder များ တပ်ဆင်ခြင်းနှင့် ကြမ်းခင်းကွန်ကရစ်လောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းပြီးစီးအောင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြရာ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ယခုဆွာချောင်းတံတားနေရာသည် ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံ၍ ပြင်းထန်သော ရေတိုက်စားမှုခံရခြင်း၊ မန္တလေးငလျင်လှုပ်ခဲ့စဉ် တွင်လည်း ငလျင်ဒဏ်အား ပြင်းထန်စွာခံရသည့်အပိုင်းတွင် ပါဝင်ခဲ့ခြင်းတို့ကြောင့် သဘာဝဘေးအန္တရာယ် မကြာခဏခံရလေ့ရှိသည့် နေရာဖြစ်သဖြင့် ငလျင်ဒဏ်ခံနိုင်သည်အထိ စဉ်းစားဆောင်ရွက်ခဲ့ပါကြောင်း၊ တည်ဆောက်ရေးတာဝန် ယူထားသူများအနေဖြင့် တံတားအသစ် ပြန်လည်တည်ဆောက်ရာတွင် ဒီဇိုင်းပါပုံစံများအတိုင်း သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်ဝစွာဖြင့် ကြပ်မတ်ဆောင်ရွက်သွားရန်လိုပါကြောင်း၊ အသွားလမ်းဘက်ရှိ ယာယီဘေလီတံတားကြံ့ခိုင်မှုအား အမြဲမပြတ်စစ်ဆေးရန်လိုပါကြောင်း၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အထူးအလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တံတားလုပ်ငန်းခွင်သို့သွားရောက်၍ P-1 မှ P-9 အထိ Steel Plate Girder များ တပ်ဆင်ပြီးစီး၍ တံတားကြမ်းခင်း ကွန်ကရစ်သွန်းလောင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ Bearing များအား ငလျင်ဒဏ်ခံ Elastomeric Bearings များ တပ်ဆင်ဆောင်ရွက်ထားသည့်အခြေအနေ၊ အရည်အသွေးထိန်းသိမ်းရေးဆောင်ရွက်နေမှု၊ ရေတိုက်စားမှုကာကွယ်ရန် ရေလမ်းကြောင်းရှင်းလင်းခြင်းနှင့် ရေတားအကာအကွယ်များ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော လမ်း၊ တံတားများကို ပြုပြင်ပြီးစီး၍ မိုင်တိုင်အမှတ်(၁၉၀/၁)ရှိ မှောက်ခုံချောင်း တံတားသည်လည်း ပြန်လည်ပြုပြင်ပြီးစီး ခဲ့ပြီဖြစ်သည်။

ယခုမိုင်တိုင်အမှတ်(၁၆၅/၁)ရှိ ဆွာချောင်းတံတား(အပြန်လမ်း)အား အသစ်အစားထိုး ပြန်လည်တည်ဆောက်လျက်ရှိရာ ၂၀၂၆ ခုနှစ် ဇွန်လတွင် ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ဆွာချောင်းတံတား (အပြန်လမ်း) အသစ်တည်ဆောက်ပြီးစီးပါက လမ်းပန်းဆက်သွယ်မှုမပြတ်တောက် စေရေးအတွက်(အသွားလမ်း)နေရာတွင် ယာယီဘေလီတံတား ထပ်ပိုးအသုံးပြုနေခြင်းကိုလည်း အစားထိုး၍ တံတားအသစ် ပြန်လည်တည်ဆောက်ခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Posted on Apr 20, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on Apr 14, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Posted on Apr 13, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 12, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Posted on Apr 11, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Posted on Apr 10, 2026