ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ဝန်ထမ်းအိမ်ရာ သွားရောက်ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ဝန်ထမ်းအိမ်ရာ သွားရောက်ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / April 29, 2026
နေပြည်တော် ဧပြီ ၂၈
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ဝန်ထမ်းအိမ်ရာ တိုက်အမှတ် (၂၂၁၆) အနီရောင်အဆင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ကုမ္ပဏီမှတာဝန်ရှိသူများက ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က အဆိုပါအဆောက်အအုံ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောလျင်စွာပြီးစီးရေး၊ ဝန်ထမ်းများ ပြန်လည်နေထိုင်နိုင်ရေးနှင့်စပ်လျဉ်း၍ မှာကြားသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရုံးမြေဧရိယာအတွင်း၌ ဆောက်လုပ်ထားသော ငလျင်ဒဏ်သင့် ဝန်ထမ်းများယာယီနေထိုင်ရာ Container House များတွင် ဝန်ထမ်းများ မိသားစုအလိုက်နေထိုင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး အားပေးစကားပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းနှင့် တိုင်းရင်းသားရေးရာလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး/ ပြည်နယ်များရှိ တိုင်းရင်းသားရေးရာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တိုင်းရင်းသားရေးရာလုပ်ငန်းများဆောင်ရွက်မှုနှင့် သက်ဆိုင်ရာမှတ်ပုံတင်ရေးအဖွဲ့သို့ မှတ်ပုံတင်နိုင်ရေးဆောင်ရွက်ရန် ညှိနှိုင်းနိုင်ရေးအတွက်ကျင်းပခြင်းဖြစ်ပြီး တာဝန်ရှိသူများအားလုံးအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ အမျိုးဘာသာ၊ သာသနာ၊ စာပေယဉ်ကျေးမှုများ မှေးမှိန်မပျောက်ပျက်စေရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကိုရှေးရှု၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီးတို့က အွန်လိုင်းမှတစ်ဆင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
Posted on Apr 27, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
Posted on Apr 27, 2026ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
Posted on Apr 27, 2026ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
