ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် ဒွါဒသမတန်း နေပြည်တော် လူရည်ချွန်စခန်းမှ လူရည်ချွန်မောင်မယ်များနှင့် တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် ဒွါဒသမတန်း နေပြည်တော် လူရည်ချွန်စခန်းမှ လူရည်ချွန်မောင်မယ်များနှင့် တွေ့ဆုံ
Ministry of Information/ Naypyitaw / May 07, 2026
နေပြည်တော် မေ ၆
လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဒွါဒသမတန်း လူရည်ချွန်စခန်းမှ လူရည်ချွန်မောင်မယ်များ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ Royal Presi-dent Hotel ၌ ကျင်းပရာ လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစစ်နိုင်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဒွါဒသမတန်း နေပြည်တော် လူရည်ချွန်စခန်းမှ လူရည်ချွန် မောင်မယ်များနှင့် ကြီးကြပ်သူ ဆရာ ဆရာမများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက မြန်မာနိုင်ငံ၌ရှိသည့် အသက် (၁၅)နှစ်မှ (၃၅)နှစ်အထိ လူဦးရေသန်းပေါင်း ၁၆ သန်းကျော်သည် လူငယ်များဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရန် လူငယ်များကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ယခုအခမ်းအနားသို့ တက်ရောက်လာကြသူများသည် တိုင်းပြည်၏ခွန်အားများဖြစ်ပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးကြီးသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်၍ နိုင်ငံ၏အနာဂတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်စေရန် ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် လူငယ်များ၏ စွမ်းဆောင်ရည်ပေါ်တွင် များစွာ မူတည်နေကြောင်း။
ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် လူရည်ချွန်မောင်မယ်များအနေဖြင့် မိမိတို့သက်ဆိုင်ရာစခန်းအသီးသီးသို့ ပြန်လည်ရောက်ရှိသည့်အခါ ဒေသန္တရဗဟုသုတများကို လေ့လာမှတ်သား၍ လူငယ်များအချင်းချင်း လေ့လာမှတ်သားခဲ့သည့် ဗဟုသုတများကို ဖလှယ်ကြပြီး စည်းလုံးညီညွတ်စွာ ဖြင့် နေထိုင်သွားကြရန်လိုကြောင်း၊ မိမိနေရပ်သို့ ပြန်ရောက်သည့်အခါ နိုင်ငံတော်အတွက် အကျိုးပြု လုပ်ငန်းများတွင် အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ မိမိတို့တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်ပြီး နိုင်ငံ၏ အားထားရာ၊ နိုင်ငံ၏မျှော်လင့်ချက်၊ မြန်မာ့လူ့အဖွဲ့အစည်း တိုးတက်စေရန်နှင့် နောင်မျိုးဆက်များက မှတ်တမ်းတင်နိုင်ပြီး နိုင်ငံအတွက်တန်ဖိုးရှိသည့် အနာဂတ်ခေါင်းဆောင်လူရည်ချွန်များ၊ လူတော် လူကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားသွား ကြရန် တိုက်တွန်းမှာကြားသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ Grade-9 ပြင်ဦးလွင်လူရည်ချွန်စခန်းတွင် လူရည်ချွန်မောင်မယ် ၉၆ ဦးနှင့် ကြီးကြပ်သူ ၁၈ ဦး၊ Grade-10 အင်းလေးလူရည်ချွန်စခန်းတွင် လူရည်ချွန်မောင်မယ် ၁၃၂ ဦးနှင့် ကြီးကြပ်သူ ၁၈ ဦး၊ Grade-11 ငွေဆောင်လူရည်ချွန်စခန်းတွင် လူရည်ချွန်မောင်မယ် ၁၃၃ ဦးနှင့် ကြီးကြပ်သူ ၁၈ ဦး၊ ဒွါဒသမတန်း နေပြည်တော်လူရည်ချွန်စခန်းတွင် လူရည်ချွန်မောင်မယ် ၉၉ ဦးနှင့် ကြီးကြပ်သူ ၁၈ ဦး၊ ချောင်းသာလူရည်ချွန်စခန်းတွင် ပထမနှစ် လူရည်ချွန်မောင်မယ် ၁၄၈ ဦးနှင့် ကြီးကြပ်သူ ၁၈ ဦး၊ ဒုတိယနှစ် လူရည်ချွန်မောင်မယ် ၁၄၃ ဦးနှင့် ကြီးကြပ်သူ ၁၈ ဦးတို့ကို ဒေသန္တရဗဟုသုတများ လေ့လာမှတ်သားနိုင်စေရန်နှင့် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် အနာဂတ်ခေါင်းဆောင် လူတော်လူကောင်းများ ဖြစ်လာစေရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် လူရည်ချွန်စခန်း ငါးခုတွင် လေ့လာရေးအစီအစဉ်များကို စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သတင်းစဉ်
ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများခွင့်ပြုပေးမှုအခြေအနေ
Posted on May 5, 2026ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Posted on May 1, 2026၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။
Myanmar National Human Rights Commission Statement No. (5/2026)
Posted on Apr 30, 2026
