ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း MSME လုပ်ငန်းများအတွက် အောင်မြင်ရေးအလေ့အကျင့်ကောင်းများကို လက်တွေ့အသုံးချနိုင်ရေး သင်တန်းဖွင့်ပွဲနှင့် အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်းကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း MSME လုပ်ငန်းများအတွက် အောင်မြင်ရေးအလေ့အကျင့်ကောင်းများကို လက်တွေ့အသုံးချနိုင်ရေး သင်တန်းဖွင့်ပွဲနှင့် အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်းကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / May 24, 2026
နေပြည်တော် မေ ၂၃
MSME လုပ်ငန်းများအတွက် အောင်မြင်ရေးအလေ့အကျင့်ကောင်းများကို လက်တွေ့အသုံးချနိုင်ရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးသွင်အောင်နှင့် တာဝန်ရှိသူများ၊ နေပြည်တော် MSME လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် MSME လုပ်ငန်းရှင်များ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှ အတည်ပြုချမှတ်ခဲ့သော ဆုံးဖြတ်ချက်အရ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့အကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်းရုံးချုပ်၏ ဝန်ထမ်းများနေရာချထားမှု၊ ဌာနအလိုက် လုပ်ငန်းတာဝန်များ ဆောင်ရွက်မှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်တွင်း၌ SKD/CKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သည့် မော်တော်ယာဉ်များ၊ နှစ်ဘီး/ သုံးဘီး မော်တော်ဆိုင်ကယ်များ၊ ကိုယ်ထည် တပ်ဆင်ထုတ်လုပ်သည့် မော်တော်ယာဉ်များ၊ လယ်ယာသုံးယာဉ်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များကို အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Posted on Jan 31, 2025၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Posted on Jul 19, 2024
