ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အဝတ်အထည်ချုပ်လုပ်မှုသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲသို့ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အဝတ်အထည်ချုပ်လုပ်မှုသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲသို့ တက်ရောက်


Ministry of Information/ Naypyitaw / June 05, 2026
image_latest


နေပြည်တော် ဇွန် ၄

အဝတ်အထည်ချုပ်လုပ်မှုကာလတိုတစ်လသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ အမှတ်(၂) စက်မှုသင်တန်း ကျောင်း(မန္တလေး)သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးသွင်အောင်၊ ဒေါက်တာအောင်ဇေယျတို့က Virtual ဖြင့် တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းအမှာ စကားပြောကြားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးစီးပွားရေးနှင့် ကုန်သွယ်မှုသက်မွေးပညာ သင်တန်းကျောင်း (GXETVI) ကျောင်းအုပ်ကြီး မစ္စတာလော်ရှိန်းဖန်က သင်တန်းသားများအား စံသတ်မှတ်ချက်များနှင့်အညီ လေ့ကျင့်သင်ကြားပေးခဲ့မှုနှင့် ဆက်လက်ကူညီဆောင်ရွက်ပေး မည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူအား ဆုများပေးအပ်ချီးမြှင့်ကြပြီး အမှတ်(၂)စက်မှု သင်တန်းကျောင်း (မန္တလေး) ကျောင်းအုပ်ကြီးက သင်တန်းသူ များအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


Posted on Jun 05, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


Posted on Jun 04, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 03, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Posted on Jun 02, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2026