ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ဆောင်ရွက်ထုတ်ပေးမှု ကြည့်ရှုအားပေး

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ဆောင်ရွက်ထုတ်ပေးမှု ကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / June 05, 2026
image_latest


နေပြည်တော် ဇွန် ၄

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မြောင်းမြမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ကျောင်းသား ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေ့ချင်းပြီး ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားကတ်နှင့် UID ကတ်တို့ကို ကာယကံရှင် ကျောင်းသား ကျောင်းသူတစ်ဦးချင်းထံပေးအပ်ပြီး ခရိုင်နှင့် မြို့နယ်ရုံးဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ဝန်ကြီးဌာနအနေဖြင့် လမင်းစီမံချက်ဖြင့် အသက် ၁၈ နှစ်ပြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားကတ် မရရှိသေးသူများ၊ ပျောက်ဆုံး၊ ပျက်စီးသူများအား သက်ဆိုင်ရာမြို့နယ်ရုံးများ၌ လည်းကောင်း၊ အသက် ၁၀ နှစ်ပြည့်ပြီး နိုင်ငံသားကတ်မရရှိသေးသည့် ကျောင်းသား ကျောင်းသူများအား သက်ဆိုင်ရာကျောင်းများသို့ ကွင်းဆင်း၍လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။    

သတင်းစဉ်

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


Posted on Jun 05, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


Posted on Jun 04, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 03, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Posted on Jun 02, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2026