ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ နီကာရာဂွါသမ္မတနိုင်ငံ၊ ပူးတွဲသမ္မတများဖြစ်ကြသည့် မစ္စတာ ဒန်နီရယ် အော်တီဂါ ဆာဗေဒရာနှင့် မစ္စ ရိုဆာရီယို မူရီလိုတို့ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ နီကာရာဂွါသမ္မတနိုင်ငံ၊ ပူးတွဲသမ္မတများဖြစ်ကြသည့် မစ္စတာ ဒန်နီရယ် အော်တီဂါ ဆာဗေဒရာနှင့် မစ္စ ရိုဆာရီယို မူရီလိုတို့ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
Ministry of Information/ Naypyitaw / January 08, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် နီကာရာဂွါသမ္မတနိုင်ငံအစိုးရကိုယ်စား နီကာရာဂွါပြည်သူများနှင့် မိမိမှ အဆွေတော်နှင့် မြန်မာပြည်သူများအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
နီကာရာဂွါအစိုးရအနေဖြင့် မြန်မာပြည်သူများ ခေတ်အဆက်ဆက်ထိန်းသိမ်းခဲ့သည့် အမျိုးသားရေးစရိုက်လက္ခဏာများကို ခိုင်မာစေသည့် ယဉ်ကျေးမှုအမွေအနှစ်ကြွယ်ဝမှု၊ ဘာသာတရားကိုင်းရှိုင်းမှုနှင့် ညီရင်းအစ်ကိုစိတ်ဓာတ်တို့အပေါ် အလေးအနက်အသိအမှတ်ပြု တန်ဖိုးထားပါသည်။
မိမိတို့အနေဖြင့် ယခုကဲ့သို့သော အခါသမယတွင် သာယာလှပသော မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် မြန်မာပြည်သူများအားလုံး အပြန်အလှန်နားလည်မှုနှင့် ကောင်းကျိုးချမ်းသာများဖြင့် အနာဂတ် လမ်းခရီးကို လျှောက်လှမ်းနိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။
မိမိတို့နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန်လေးစားမှုတို့ကို ခိုင်မာလာစေရေး ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပါသည်။
ချစ်ခင်လေးစားရပါသော ညီအစ်ကိုရင်းချာ ယာယီသမ္မတကြီးခင်ဗျာ မြန်မာပြည်သူများအတွက် ပေးပို့သော နီကာရာဂွါပြည်သူများ၏ ချစ်ခင်ရင်းနှီးမှုကို လက်ခံပေးပါရန် ပြောကြားလိုပါသည်။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂနွေနေ့။
Posted on Jan 04, 2026
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
Posted on Jan 8, 2026အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသိပေးနှိုးဆော်စာ
Posted on Jan 8, 2026၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) အား မြို့နယ် ၁၀၂ မြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် ၂ /၂၀၂၆ ထုတ်ပြန်
Posted on Jan 8, 2026မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် ၂ /၂၀၂၆ ထုတ်ပြန်
