ပြည်ရေနံမြေ၌ သုတေသနပြု၍ သဘာဝဓာတ်ငွေ့အထွက်တိုးရေး ဆောင်ရွက်လျက်ရှိ
ပြည်ရေနံမြေ၌ သုတေသနပြု၍ သဘာဝဓာတ်ငွေ့အထွက်တိုးရေး ဆောင်ရွက်လျက်ရှိ
Ministry of Information/ Naypyitaw / January 07, 2026
နေပြည်တော် ဇန်နဝါရီ ၆
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ယနေ့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီး ပြည်ရေနံမြေသို့ သွားရောက်၍ သုတေသနပြုလုပ်ကာ သဘာဝဓာတ်ငွေ့စမ်းသပ်ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ ရှင်းလင်းဆောင်တွင် ပြည်ရေနံမြေအထွေထွေမန်နေဂျာက ပြည်ရေနံမြေနှင့် ပန်းတောင်းဒေသတွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့အထွက်တိုးစေရေး သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ တွင်းအမှတ် ၄၈ ၏ သဲကြောများကို သုတေသနပြုဆန်းစစ်ပြီး ဖောက်ယူရာမှ သဘာဝဓာတ်ငွေ့များ ပြန်လည်ထွက်ရှိလာမှု အခြေအနေများနှင့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြပြီး ဦးဆောင်ညွှန်ကြားရေးမှူးက လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ထို့နောက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပြည်တွင်း တိုင်းရင်းသား လုပ်ငန်းရှင်များက ပြည်၊ မြန်အောင်နှင့် ရွှေပြည်သာ ရေနံမြေများတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ အထွက်တိုးရေးအတွက် နည်းပညာများ အသုံးပြု၍ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ၁၉၆၄ ခုနှစ်မှ စတင်တွေ့ရှိခဲ့သည့် ပြည်ရေနံမြေဒေသသည် အစဉ်အလာကောင်းခဲ့သည့် ရေနံမြေတစ်ခုဖြစ်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ နှစ်မျိုးလုံးထွက်ရှိသော တန်ဖိုးရှိသည့် ရေနံမြေတစ်ခု ဖြစ်သော်လည်း ထုတ်လုပ်မှုရပ်ဆိုင်းလုနီးပါး ဖြစ်နေသည်မှာ ဆယ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပါ ကြောင်း၊ ပြည်၊ မြန်အောင်နှင့် ရွှေပြည်သာ ရေနံမြေများသည် ပြည်အနည်ကျ ချိုင့်ဝှမ်းအတွင်းတည်ရှိပြီး ယခုအခါ အထွက်တိုးရေးလုပ်ငန်းများကို ခေတ်မီနည်းပညာများ အသုံးပြု၍လည်းကောင်း၊ ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍လည်းကောင်း သုတေသနလုပ်ငန်းများ ဆောင်ရွက်နေပါကြောင်း။
မှာကြား
လက်ရှိ ပြည်ရေနံမြေရှိတွင်း အမှတ် ၄၈ ၏ သဲကြောများ ကိုဆန်းစစ်ပြီး သုတေသနပြုလုပ်၍ သဘာဝဓာတ်ငွေ့များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ခဲ့ရာ ရန်ကုန်သို့ ပို့လွှတ်သည့် ပိုက်လိုင်းအတွင်း ဖြည့်သွင်းပေးနေပါကြောင်း၊ သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်လာနိုင်ပါက ပြည်၊ ရွှေတောင်ဒေသရှိ စက်ရုံများသို့ သဘာဝဓာတ်ငွေ့များ သီးသန့်ပို့လွှတ်နိုင်ရန် စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ သဘာဝဓာတ်ငွေ့များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများကိုလည်း အသိအမှတ်ပြုချီးကျူးပါကြောင်း၊ ပိုမို၍ ကြိုးပမ်းကြစေလိုကြောင်း၊ နိုင်ငံတကာတွင် အသုံးပြုနေသည့် တိုးတက်ဖွံ့ဖြိုးလာသော နည်းပညာများကို အသုံးပြုပြီး ရှာဖွေခြင်း၊ တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြမည်ဖြစ်ရာ ဝန်ထမ်းများအနေဖြင့် လက်တွေ့လေ့လာ သင်ယူခွင့်များရရှိနိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့ရရှိနိုင်မည့် အခွင့်အရေးများကို ကောင်းမွန်စွာအသုံးချပြီး မိမိတို့၏အလုပ်ကို တန်ဖိုးထားဂုဏ်ယူစွာဖြင့် လုပ်ကိုင်ကြရမည်ဖြစ်ပါကြောင်း မှာကြားသည်။
ယင်းနောက် ဝန်ထမ်းအိမ်ရာများကို လိုက်လံကြည့်ရှုပြီး ဝန်ထမ်းများ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂနွေနေ့။
Posted on Jan 04, 2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသိပေးနှိုးဆော်စာ
Posted on Jan 8, 2026၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) အား မြို့နယ် ၁၀၂ မြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် ၂ /၂၀၂၆ ထုတ်ပြန်
Posted on Jan 8, 2026မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် ၂ /၂၀၂၆ ထုတ်ပြန်
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်း ကြေညာခြင်း
Posted on Jan 8, 2026တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်း ကြေညာခြင်း
