မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၌ သစ်ပင်လဲကျပြီး စာကြည့်တိုက်နှင့် စတိုဆောင်ပေါ်သို့ ပိမိမှုဖြစ်ပွားသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၌ သစ်ပင်လဲကျပြီး စာကြည့်တိုက်နှင့် စတိုဆောင်ပေါ်သို့ ပိမိမှုဖြစ်ပွားသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု
Ministry of Home Affairs/ နေပြည်တော် / April 23, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂ ရက် မွန်းတည့် ၁၂ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၌ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လုံးပတ် ၅ ပေ၊ အမြင့် ၃၅ ပေခန့်ရှိ ထနောင်းပင်သည် အမြစ်လန်၍ လဲကျပြီး “ဇောတိပါလ” ပရဟိတကျောင်းအတွင်းရှိ စာကြည့်တိုက်နှင့် စတိုဆောင်ပေါ်သို့ ပိမိနေကြောင်း သတင်းရရှိသဖြင့် ညောင်ဦးခရိုင်၊ မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီတွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် စာကြည့်တိုက်အမိုးအနည်းငယ် ပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၂ /၂၀၂၆ ၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ( ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် )...
Posted on Apr 23, 2026လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Posted on Apr 20, 2026လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး နှင့် စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026
