မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သမန္တလင်းကျေးရွာအနီး၌ ယာဉ်တိုက်မှုဖြစ်ပွား၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သမန္တလင်းကျေးရွာအနီး၌ ယာဉ်တိုက်မှုဖြစ်ပွား၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု
Ministry of Home Affairs/ နေပြည်တော် / May 18, 2026
၂၀၂၆ ခုနှစ်၊ မေ ၁၇ ရက် နံနက် ၆ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သမန္တလင်းကျေးရွာအနီး၊ ရန်ကုန်-မန္တလေးလမ်းမပေါ်၌ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်ကျေးရွာသို့ ဆန်များ တင်ဆောင်၍ ယာဉ်မောင်း ကိုပြည့်ဖြိုးသူ(၂၆)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် MDY-1/1D-XXXX MITSUBISHI FUSO အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်သည် လမ်းဘေးတွင် ရပ်နားထားစဉ် လားရာတူ နောက်မှ ညောင်ဦးမြို့မှ မန္တလေးမြို့ဘက်သို့ ဂျပ်စက္ကူအဟောင်းများ တင်ဆောင်၍ ယာဉ်မောင်း ဦးပြုံးချို (၄၃)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် MDY-6/ 6E-XXXX MITSUBISHI CANTER ခြောက်ဘီး မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်ရောက်တိုက်မိပြီး ယာဉ်မောင်းမှာ ကားခေါင်းခန်းအတွင်း ညပ်နေကြောင်း သတင်းရရှိသဖြင့် ကျောက်ဆည်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၆ နာရီ ၂၂ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် MITSUBISHI CANTER ခြောက်ဘီး မော်တော်ယာဉ်၏ ယာဉ်မောင်း (သေဆုံး)အား ကျောက်ဆည်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ မော်တော်ယာဉ်၏ ခေါင်းခန်းကြေမွပျက်စီးခဲ့ကြောင်းနှင့် မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ဦးပြုံးချို(သေဆုံး)အား ကျောက်ဆည်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Posted on Jan 31, 2025၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Posted on Jul 19, 2024
