မမှိတ်မသုန်လျှောက်လှမ်း ထာဝရငြိမ်းချမ်းရေးပန်းတိုင်ဆီ
မမှိတ်မသုန်လျှောက်လှမ်း ထာဝရငြိမ်းချမ်းရေးပန်းတိုင်ဆီ
Ministry of Information/ Naypyitaw / October 14, 2025

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) ချုပ်ဆိုခဲ့သည်မှာ လာမည့်အောက်တိုဘာ ၁၅ ရက်တွင် ၁၀ နှစ်တင်းတင်း ပြည့်မြောက်ပြီဖြစ်သည်။ နိုင်ငံလွတ်လပ်ရေးရပြီး မရှေးမနှောင်းအချိန်မှစကာ နှစ်ပေါင်းရှည်ကြာ ဖြစ်ပေါ်လာခဲ့သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများက နိုင်ငံနှင့်လူမျိုးတို့ကို ဖွံ့ဖြိုးတိုးတက်ခွင့်မရအောင် တားဆီးပိတ်ဆို့နေစေခဲ့သည်။ ဖွံ့ဖြိုးတိုးတက်မှုနည်းပါးခြင်းက လူမှုစီးပွားဘဝကို နိမ့်ကျစေပြီး လက်နက်ကိုင်ပဋိပက္ခသံသရာကို ရှည်ကြာစေသည်။ ယင်းမှထွက်ပေါ်လာသည့်ဒဏ်ကို အဓိကခံစားကြရသူများမှာ နိုင်ငံသူ နိုင်ငံသား ပြည်သူအားလုံးဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာနယ်မြေများမှ ဒေသခံပြည်သူများမှာမူ အဆိုးရွားဆုံး ခံစားကြရသူများဖြစ်သည်။
အမှန်အားဖြင့်ဆိုလျှင် မိမိတို့ပြည်သူတစ်ရပ်လုံး၏ တညီတညွတ်တည်း တူညီသောလိုအင်ဆန္ဒမှာ အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး၏ နိုင်ငံသူ နိုင်ငံသားဘဝပင်ဖြစ်သည်။ ၎င်းလိုအင်ဆန္ဒကို ဖြည့်ဆည်းနိုင်ရန်အတွက် လိုအပ်သောအဖြေသည် နိုင်ငံရေးနယ်ပယ်တွင် ရှိနေသော်လည်း ယင်းအဖြေကို လက်နက်ကိုင်တိုက်ခိုက်သောနည်းလမ်းဖြင့် ရှာ၍မရ။ ယင်းကဲ့သို့မရနိုင်ကြောင်းကိုလည်း နှစ်ပေါင်း ၇၀ ကျော် ၈၀ နီးနီးတိုက်ရင်းခိုက်ရင်း ကုန်ဆုံးသွားခဲ့သည့်အချိန်ကာလများက နှမြောတသဖွယ်ရာ၊ ဝမ်းနည်းဖွယ်ရာ သက်သေပြနေကြသည်။
လွန်ခဲ့သည့် ၁၀ နှစ်က (၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင်) နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC-2) တွင် လက်မှတ်ရေးထိုးခဲ့သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) က မြန်မာပြည်သူတစ်ရပ်လုံးကို ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များ မြင့်တက်စေခဲ့သည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာမှုအတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်လာမည့် NCA တွင် အစိုးရကိုယ်စားလှယ်များအဖြစ် (၁) နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ (၂) ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ (၃) ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ (၄) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ (၅) အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ (၆) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ (၇) ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (UPWC ဒုတိယဥက္ကဋ္ဌ)၊ (၈) ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း (UPWC ဒုတိယဥက္ကဋ္ဌ)၊ (၉) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော် (UPWC ဒုတိယဥက္ကဋ္ဌ) တို့ ပါဝင်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၈) ဖွဲ့တို့မှ ခေါင်းဆောင်များဖြစ်သော ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး (KNU)၊ ဗိုလ်ချုပ်ကြီး စောထိန်မောင် (KNU/KNLA-PC)၊ ပူးနန်လျန်ထန် (CNF)၊ ဗိုလ်ချုပ်ကြီး စောလားပွယ် (DKBA)၊ ခွန်မြင့်ထွန်း (PNLO)၊ ရဲဘော်သံခဲ (ABSDF)၊ ခိုင်စိုးနိုင်အောင် (ALP)၊ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် (RCSS/SSA) တို့ ပါဝင်ခဲ့သည်။ နိုင်ငံတကာအသိသက်သေများအဖြစ် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပါဝင်ခဲ့သည်။
NCA တွင် လက်မှတ်ရေးထိုးခြင်း၏ ရည်ရွယ်ချက်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှစတင်ကာ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများအရေးနှင့် ဒီမိုကရေစီအရေးအတွက်ဖြစ်သည်။ သို့ဖြစ်ရာ “ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံ၍ ဤသဘောတူစာချုပ်ပါအချက်များကို ပြီးစီးအောင်မြင်သည်အထိ မပျက်မကွက် အတူတကွပူးတွဲအကောင်အထည်ဖော်ဆောင်ရွက်သွားရန် အပြန်အလှန်သန္နိဋ္ဌာန်ပြုကြသည်” ဟုဆိုသည့် စာချုပ်ပါအချက်နှင့် နိုင်ငံတကာအသိသက်သေများရှေ့မှောက်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည့်အချက်တို့မှာ မမေ့အပ်ဖွယ်အချက်များပင်ဖြစ်သည်။
မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် မိမိတို့နိုင်ငံ၏ နိုင်ငံရေးအရွေ့တစ်ခုဖြစ်သကဲ့သို့ သမိုင်းစာမျက်နှာသစ်လည်းဖြစ်သည်။ နိုင်ငံ့အကျိုး ပြည်သူ့အကျိုးကို အလေးထားရှေးရှု၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့ အနှောင့်အယှက်အတားအဆီးများကို ကျော်လွှားကာ မမှိတ်မသုန် လျှောက်လှမ်းကြပါရန် (၁၀) နှစ်မြောက် NCA ကို ကြိုဆိုဂုဏ်ပြုတိုက်တွန်းအပ်ပါကြောင်း။ ။
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။
Posted on Oct 14, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။
Posted on Oct 12, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Posted on Oct 12, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။
Posted on Oct 11, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။
Posted on Oct 10, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။
Posted on Oct 09, 2025
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၉-၂၀၂၅)
Posted on Oct 13, 2025ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၉-၂၀၂၅)
မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြိုနယ်ပြင်ပရောက် ပြည်တွင်းနှင့် ပြည်ပရှိမဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာ
Posted on Oct 10, 2025မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြိုနယ်ပြင်ပရောက် ပြည်တွင်းနှင့် ပြည်ပရှိမဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာ