မိုင်းပန်မြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၊ မဲရုံနေရာများအား သွားရောက်ကြည့်ရှုစစ်ဆေး
မိုင်းပန်မြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၊ မဲရုံနေရာများအား သွားရောက်ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / January 06, 2026
နေပြည်တော် ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါမြို့ရှိ နယ်မြေခံတပ်ဌာနချုပ် အစည်းဝေးခန်းမ၌ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်မှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး မဲစာရင်းများမှန်ကန်မှုရှိစေရေး၊ မဲရုံလုံခြုံရေးဆောင်ရွက်ထားရှိမှု၊ မဲဆန္ဒရှင်များသွားလာရေးအဆင်ပြေစေရန် မော်တော်ယာဉ်များစုဖွဲ့ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မဲဆန္ဒရှင်များအတွက် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများပြုလုပ်ရန် ပြင်ဆင်ထားရှိမှုနှင့် မဲရုံမီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မဲပေးရာတွင် ကြန့်ကြာမှုမရှိစေရေး အဆိုင်း(၂)ဆိုင်းခွဲ၍ ကွန်ပျူတာ TABLET စနစ်များဖြင့် လွယ်ကူလျှင်မြန်စွာမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုတို့နှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍ အလိုက်ပြင်ဆင်ဆောင်ရွက် ထားမှုအခြေအနေများအား ဆွေးနွေးတင်ပြရာ တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း လျာထားမဲရုံနေရာများအား သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂနွေနေ့။
Posted on Jan 04, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
Posted on Jan 7, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၉/၂၀၂၆) ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်)...
Posted on Jan 6, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၉/၂၀၂၆) ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်းကြေညာခြင်း
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Posted on Dec 31, 2025တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
