မြစ်ကြီးနားမြို့၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ယိမ်းအဖွဲ့များ လေ့ကျင့်ပြင်ဆင်လျက်ရှိ
မြစ်ကြီးနားမြို့၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ယိမ်းအဖွဲ့များ လေ့ကျင့်ပြင်ဆင်လျက်ရှိ
Ministry of Information/ Naypyitaw / April 06, 2026
မြစ်ကြီးနား ဧပြီ ၅
(မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်) ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့၌ မိရိုးဖလာ ယဉ်ကျေးမှုနှင့်အညီ တစ်မူထူးခြား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် ဗဟိုမဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲများဖြင့် ထည့်သွင်းကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း မဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
သို့ဖြစ်ပါ၍ ဗဟိုမဏ္ဍပ်တွင် ယိမ်းအကဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအနေဖြင့် သက်ဆိုင်ရာနေရာအသီးသီး၌ ယိမ်းအကလေ့ကျင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ် အစိုးရအဖွဲ့ယိမ်းအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယိမ်းအဖွဲ့တို့က ပြည်နယ်အစိုးရအဖွဲ့ရုံး၌ လေ့ကျင့်လျက်ရှိပြီး စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့တော်ခန်းမ၌ လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။
ယင်းသို့ ယိမ်းအဖွဲ့များ လေ့ကျင့်ပြင်ဆင်နေမှုများနှင့်စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားပြုယိမ်းအဖွဲ့အနေဖြင့် ကိုယ်ပိုင်သံစဉ်/ ကိုယ်ပိုင်စာသား/ ဆိုင်းဝိုင်းနှင့် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ယိမ်းအဖွဲ့အနေဖြင့် စီဒီတေးသီချင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည့်အပြင် စည်ပင်သာယာရေးအဖွဲ့ ကိုယ်စားပြုယိမ်းအနေဖြင့် ဗဟိုမဏ္ဍပ်ယိမ်းအကပြိုင်ပွဲတွင် ကိုယ်ပိုင်သံစဉ်/ ကိုယ်ပိုင်စာသား/ တီးဝိုင်းနှင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ယိမ်းအဖွဲ့များ၏ အုပ်ချုပ်သူများထံမှ သိရသည်။
အဆိုပါ ဗဟိုမဏ္ဍပ် ယိမ်းအကအလှပြိုင်ပွဲကို ပြည်နယ်အစိုးရအဖွဲ့အပါအဝင် ဝန်ကြီးဌာနအသီးသီး ကိုယ်စားပြုယိမ်းအဖွဲ့များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုယိမ်းအဖွဲ့နှင့် မြို့ပေါ်ရပ်ကွက်များမှ ယိမ်းအဖွဲ့များက ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယိမ်းအကပြိုင်ပွဲကျင်းပရေး ကော်မတီအနေဖြင့် ကိုယ်ပိုင်စာသား/ ကိုယ်ပိုင်အဆို/ ကိုယ်ပိုင်အတီးဖြင့်လည်းကောင်း၊ ကိုယ်ပိုင်စာသား/ စီဒီဖြင့် လည်းကောင်း၊ စီဒီတေးသီချင်းဖြင့်လည်းကောင်း ပြိုင်ပွဲအမျိုးအစားသုံးမျိုးဖြင့် ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီးဆုများကိုလည်း ကချင်ပြည်နယ်အစိုးရအဖွဲ့က ထိုက်တန်စွာချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)
မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်
Posted on Apr 6, 2026မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်
Posted on Apr 6, 2026မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
အကောက်ခွန်ဦးစီးဌာနက မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း လုပ်ငန်းများအဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာချက်
Posted on Apr 6, 2026အကောက်ခွန်ဦးစီးဌာနသည် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းအကောက်ခွန်လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။
