မြန်မာနိုင်ငံပညာရေးစနစ်နှင့် ကိုက်ညီသည့် သက်မွေးမှုလုပ်ငန်းအဆင့် အခြေပြကားချပ်ရေးဆွဲရန်နှင့် မှတ်တမ်းစာအုပ် ပြုစုထိန်းသိမ်းထားရှိရေးအတွက် ညှိနှိုင်းအစည်းအဝေးနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး သင်ရိုးညွှန်းတမ်းရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာနိုင်ငံပညာရေးစနစ်နှင့် ကိုက်ညီသည့် သက်မွေးမှုလုပ်ငန်းအဆင့် အခြေပြကားချပ်ရေးဆွဲရန်နှင့် မှတ်တမ်းစာအုပ် ပြုစုထိန်းသိမ်းထားရှိရေးအတွက် ညှိနှိုင်းအစည်းအဝေးနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး သင်ရိုးညွှန်းတမ်းရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / February 19, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၈

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်းနှင့် ကဏ္ဍအလိုက် ကျွမ်းကျင်သည့်အတတ်ပညာရှင်များ ပေါ်ထွက်လာစေရေးအတွက် ပညာရေးစနစ်နှင့် ကိုက်ညီသည့် သက်မွေးမှုလုပ်ငန်းအဆင့် အခြေပြကားချပ်ရေးဆွဲရန်နှင့် မှတ်တမ်းစာအုပ်ပြုစုထိန်းသိမ်းထားရှိရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ပညာရေးနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များနှင့် တာဝန်ရှိသူများ၊ Naypyitaw State Academy ပါမောက္ခချုပ်၊ Subject Wise Committee (SWC) မှ ပါမောက္ခများနှင့် ဖိတ်ကြားထားသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အထွေထွေအတွင်းရေးမှူးတို့ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးစနစ်နှင့် ကိုက်ညီသည့် သက်မွေးမှုလုပ်ငန်းအဆင့် အခြေပြကားချပ်ရေးဆွဲရန်နှင့် ပညာရေးပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်သည့် မှတ်တမ်းစာအုပ်ပြုစုရေးသားရန် အဖွဲ့ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ယင်းသို့ဖွဲ့စည်းနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖွဲ့စည်း၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် အစည်းအဝေးပြုလုပ်ခြင်းဖြစ်ကြောင်း၊ Grade-12 မအောင်မြင်သူများအတွက် ပညာသင်ယူခွင့်လမ်းကြောင်းနှင့် Grade-9 ပြီးမြောက်ပြီး အထက်တန်းမတက်ရောက်သူများအတွက် ဆက်လက်ပညာသင်ယူနိုင်ခွင့် အခွင့်အလမ်းများ ရေးဆွဲရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့နှင့် ပေါင်းစပ်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ပညာသင်ယူခွင့်အခွင့်အလမ်းလမ်း‌ကြောင်း (Pathways) အဆင့်ဆင့်ကို ရေးဆွဲကြရမည်ဖြစ်ကြောင်း။

ထို့ပြင် ပညာရေးတွင် လုပ်ဆောင်နေသည့် ပညာရေးပြုပြင်ပြောင်းလဲမှုများဖြစ်သည့် Job Ready Skills များ၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်များနှင့် ပတ်သက်၍ Grade-10 မှ စတင်သည့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာ၀န်ကြီးဌာနများအနေဖြင့် ငါးနှစ်တာကာလအတွင်း ပညာရေးနှင့် ပတ်သက်သည့် ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ခဲ့မှုများကို ပြုစုရေးသားရန်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအလိုက် အခြေပြကားချပ် (Chart) နှင့် အစီရင်ခံစာ (Report) ရေးသားရာတွင် နိုင်ငံတော်အစိုးရ၏ ပညာရေးပြုပြင်ပြောင်းလဲခြင်းနှင့် ပညာရေးအဆင့်အတန်းနှင့်အညီ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးဆောင်ရွက်ပေးနိုင်ခြင်းတို့အတွက် မှတ်တမ်းစာအုပ်ထည့်သွင်းပြုစုထားရှိရန်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုများနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်ခဲ့သည့် မှတ်တမ်းများကို ထည့်သွင်းပြုစုရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပညာရေးစနစ်နှင့် ကိုက်ညီသည့် သက်မွေးမှုလုပ်ငန်းအဆင့် အခြေပြကားချပ်ရေးဆွဲရန်နှင့် မှတ်တမ်းစာအုပ်ပြုစုထိန်းသိမ်းထားရှိရေးအတွက် ကော်မတီဖွဲ့စည်းထားရှိမှု၊ ကော်မတီ၏လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကာ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ဝန်ကြီးဌာနအလိုက် ဆောင်ရွက်နေမှု၊ ပညာရေးစနစ်နှင့် ကိုက်ညီသည့် သက်မွေးမှုလုပ်ငန်းအဆင့် အခြေပြကားချပ်ရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များ၊ မှတ်တမ်းစာအုပ်ပြုစုနိုင်ရေးအချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

အလားတူ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီအဖွဲ့ဝင်များ၊ ဘာသာရပ်သင်ရိုးညွှန်းတမ်း ကော်မတီအဖွဲ့ဝင်များ၊ သင်ရိုးပြုစုရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်သင်အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်းများ ရေးဆွဲတင်ပြနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Feb 19, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 18, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Feb 17, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Posted on Feb 16, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 15, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


Posted on Feb 14, 2026