မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်ြမင့် မန္တလေး (ရုံးခွဲ) အား ကြည့်ရှုစစ်ဆေးခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်ြမင့် မန္တလေး (ရုံးခွဲ) အား ကြည့်ရှုစစ်ဆေးခြင်း
Myanmar National Human Rights Commission/ Yangon / May 13, 2025
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်သည် ၁၃-၅-၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ မန္တလေး (ရုံးခွဲ) သို့ ရောက်ရှိပြီး ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၌ လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော မန္တလေး (ရုံးခွဲ) ရုံးအဆောက်အအုံ ပြင်ဆင်ရန်ကိစ္စနှင့် ပတ်သက်၍ ကြည့်ရှုစစ်ဆေးရာ ကော်မရှင်ရုံး မန္တလေးရုံးခွဲ တာဝန်ခံက ရုံးအဆောက်အအုံ ထိခိုက်ပျက်စီးမှုနှင့် ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး၊ ဆယ်တင်ပစ္စည်းအခြေအနေနှင့် ကော်မရှင်ရုံးခွဲလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပါသည်။
ကော်မရှင်အဖွဲ့ဝင်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းပေးသည့် အင်ဂျင်နီယာ ပညာရှင်များ ဦးဆောင်သောအဖွဲ့က မြေပြင်ကွင်းဆင်းစစ်ဆေးချက်အရ Main Structure ဖြစ်သော Column နှင့် Beam များ ထိခိုက်ပျက်စီးမှုမရှိဘဲ နံရံအချို့တွင် အသေးစား ထိခိုက်မှုသာရှိကြောင်း တွေ့ရှိရမှုကို အပြာရောင်အဆင့် သတ်မှတ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြန်ကြားစာ ပေးပို့ထားပြီးဖြစ်သဖြင့် အဆိုပါ အသေးစား ထိခိုက်ပျက်စီးမှုကို ခွင့်ပြုအဆောက်အုံ ပြင်ဆင် ထိန်းသိမ်းစရိတ်ဖြင့် အမြန်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြောကြားကာ ရုံးခွဲရှိ ဝန်ထမ်းများအား ရင်းနှီးနွေးထွေးစွာ အားပေးစကား ပြောကြားပြီး ဝန်ထမ်းများအား အစားအစာနှင့် ထောက်ပံ့ ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Posted on May 29, 2025NOTICE TO FILE INCOME TAX RETURN,ANNUAL SALARY STATEMENT AND ANNUAL COMMERCIAL TAX RETURN
Posted on May 27, 2025ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက်...
Posted on May 22, 2025ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း