မြန်မာ - ရုရှား နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေးကိစ္စရပ်များ ဆွေးနွေး
မြန်မာ - ရုရှား နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေးကိစ္စရပ်များ ဆွေးနွေး
Ministry of Information/ Naypyitaw / May 04, 2024
နေပြည်တော် မေ ၃
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov အား နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် မြန်မာ - ရုရှား နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေးကိစ္စရပ်များ၊ ရုရှားနိုင်ငံမှ ဆောက်လုပ်ပေးထားသည့် တောင်ကြီးမြို့ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေးနှင့် ကင်ဆာရောဂါ ဓာတ်ရောင်ခြည်ဆေးကုသမှုများ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံ ဆေးပညာရပ်နှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များ အပြန်အလှန်စေလွှတ်ရေးနှင့် သုတေသနပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ အထူးသဖြင့် ကင်ဆာရောဂါပညာရပ်၊ ခွဲစိတ်ကုသမှုပညာရပ်၊ နှလုံးဆေးကုသမှုနှင့် ခွဲစိတ်မှုပညာရပ်၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုနှင့် ခွဲစိတ်မှုပညာရပ်များ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံ ဆေးပညာရပ်နှင့် ဆေးဘက်ဆိုင်ရာဘွဲ့၊ ဒီဂရီများ အပြန်အလှန် အသိအမှတ်ပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ ၂၀၂၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံရှိ ကလေးအထူးကုဆရာဝန်များအား ရုရှားနိုင်ငံသို့ စေလွှတ်၍ ကလေးကျန်းမာရေးစောင့်ရှောက်မှုသင်တန်းများ နှစ်စဉ်စေလွှတ် သင်ကြားနေသည့်ကိစ္စရပ်များ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ Napalkov Cancer Center တို့အကြား ကင်ဆာရောဂါဆေးကုသမှု ပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍနှင့် ရုရှားနိုင်ငံထုတ် ဆေးဝါးတင်သွင်းခြင်းနှင့် ဆေးဝါးမှတ်ပုံတင်ရရှိရေးကိစ္စရပ်များ၊ ပြန်လည်သန်စွမ်းရေး ဆေးပညာရပ်ဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲအပြီးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။
တက်ရောက်
တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် (အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ရုရှားနိုင်ငံသံရုံးမှ စီးပွားရေးရာကောင်စစ်ဝန်နှင့် သံတမန်ရေးရာသံမှူးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်
Posted on May 18, 2024၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း
Posted on May 16, 2024နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း
အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
Posted on May 16, 2024နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။