မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ စက်သုံးဆီလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ စက်သုံးဆီလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး
Ministry of Home Affairs/ နေပြည်တော် / April 22, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်အတွင်း စက်သုံးဆီများ ပြတ်လပ်မှု မရှိစေရေးနှင့် တရားမဝင် ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးအတွက် ခရိုင်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များမှ စက်သုံးဆီလုပ်ငန်းပိုင်ရှင်များအား တွေ့ဆုံဆွေးနွေး၍ ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းရှင်များ၏ မြေပြင်အတွင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် တွေ့ကြုံနေရသည့် အခက်အခဲများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Posted on Apr 20, 2026လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး နှင့် စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026
