မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး သေဆုံး
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး သေဆုံး
Ministry of Home Affairs/ နေပြည်တော် / December 08, 2025
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင်များအား ပြည်သူလူထုအတွင်း အ ကြောက်တရားများ လွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်လုံကျေးရွာအရှေ့ဘက် သုံးမိုင်ခန့်အကွာ ရော်ဘာခြံ၌ အမျိုးသား နှစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါကျေးရွာနေ နိုင်လုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇင်မျိုးဦး (၄၁)နှစ်နှင့် ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင် ဦးဗညားမွန်(၃၄)နှစ်တို့သည် နယ်မြေလုံခြုံရေးဆောင်ရွက်ရန် ဆိုင်ကယ် တစ်စီးဖြင့် ထွက်ခွာလာစဉ် ၎င်းရော်ဘာခြံအနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်အား မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် ဦးဇင်မျိုးဦးနှင့် ဦးဗညားမွန်တို့ နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာ၊ မီးလောင်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးနှင့် ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုများ ကျူးလွန်လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
Posted on Dec 6, 2025ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ
Posted on Dec 6, 2025ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ
ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ
Posted on Dec 6, 2025ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ
