မွန်ပြည်နယ်၊ သထုံမြို့နယ်၌ သုံးဘီးဆိုင်ကယ်တိမ်းမှောက်ခဲ့မှုကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
မွန်ပြည်နယ်၊ သထုံမြို့နယ်၌ သုံးဘီးဆိုင်ကယ်တိမ်းမှောက်ခဲ့မှုကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ Naypyitaw / February 10, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်က မွန်ပြည်နယ်၊ သထုံမြို့နယ်၌ သုံးဘီးဆိုင်ကယ် တိမ်းမှောက်ခဲ့မှုကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၈ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ငါးပြေမကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၃၃ မိုင်နှင့် ၁၃၃ မိုင် ၁ ဖာလုံကြား၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ သိမ်ဆိပ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဘီးလင်းမြို့နယ်၊ တဘက်ဆွဲကျေးရွာနေ ဦးချစ်လွင်(၄၃)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေသူများဖြစ်ကြသည့် ဒေါ်တင်နု(၇၀)နှစ်၊ ဒေါ်မဆွေ(၇၀)နှစ်၊ ဒေါ်မယ်ဆွေ(၆၀)နှစ်၊ မဝါဆိုမိုး(၁၂)နှစ်နှင့် မထက်မြတ်နိုးစံ(၉)လတို့ လိုက်ပါစီးနင်းလာသည့် 27U-XXXX သုံးဘီးဆိုင်ကယ်သည် ဘီးလင်းမြို့မှ သထုံမြို့ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ဒေါ်တင်နုနှင့် ဒေါ်မဆွေတို့တွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး ဦးချစ်လွင်၊ ဒေါ်မယ်ဆွေ၊ မဝါဆိုမိုးနှင့် မထက်မြတ်နိုးစံတို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ချစ်လွင်အား သိမ်ဆိပ်နယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
Posted on Feb 10, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
Posted on Feb 09, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
Posted on Feb 08, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။
Posted on Feb 06, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။
Posted on Feb 04, 2026
ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ကတ်ဖိုးပေးသွင်းခြင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်
Posted on Feb 10, 2026အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card-OWIC) ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်
Posted on Feb 10, 2026၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa) ကို အထူးဘွဲ့နှင်းသဘင်အခမ်းအနားဖြင့် ချီးမြှင့်အပ်နှင်းခဲ့ကြောင်းသိရှိရပါသဖြင့် မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းအနေဖြင့် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါသည်။