ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူအား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံး
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူအား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံး
Ministry of Home Affairs/ နေပြည်တော် / April 21, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူအား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၁၈ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပဲခူးမြစ်လမ်းမပေါ်ရှိ ကနောင်မင်းသားကြီးလမ်းဆုံအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၂၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးမြစ်လမ်းအတိုင်း အရှေ့မှအနောက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာနေ ဦးဇင်မင်းကို(၄၀)နှစ် မောင်းနှင်လာသော MGY-9/6G-XXXX HINO မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ လမ်းဖြတ်ကူးသူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၃)ရပ်ကွက်နေ ဦးသိန်းစိုး(၄၀)နှစ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးသိန်းစိုးတွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့သောကြောင့် ဇင်မင်းကို အား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်း ယာဉ်(ပ)၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။
လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Posted on Apr 20, 2026လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး နှင့် စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026
