ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သဲဖြူချောင်းကျေးရွာ၌ နေအိမ် မီးလောင်မှု
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သဲဖြူချောင်းကျေးရွာ၌ နေအိမ် မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / April 23, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂ ရက် နံနက် ၁ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သဲဖြူချောင်းကျေးရွာ၌ ပိုင်ရှင် ဒေါ်မြမြအေး(ခ)မဖြူ(၄၄)နှစ်၏ ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ အုတ်ကြွပ်ပြားကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်တွင် 100W Inverter အပူလွန်ကဲပြီး အနီးရှိ စက္ကူများပေါ်သို့ မီးပွားကျရာမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ငါးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ အုတ်ကြွပ်ပြားကာ၊ ပျဉ်ခင်း နှစ်ထပ် နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဒေါ်မြမြအေး(ခ)မဖြူ အား သန်လျင်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၂ /၂၀၂၆ ၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ( ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် )...
Posted on Apr 23, 2026လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Posted on Apr 20, 2026လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး နှင့် စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026
