ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၇)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းတွင် ယာဉ် တစ်စီး မီးလောင်မှု
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၇)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းတွင် ယာဉ် တစ်စီး မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / April 19, 2024
၂၀၂၄ ခုနှစ်၊ ဧပြီ ၁၆ ရက် မွန်းလွဲ ၂ နာရီ ၅၇ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၇)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းတွင် ယာဉ်မောင်း ဒေါ်နန္ဒ မောင်းနှင်လာသော ယာဉ်အမှတ် YGN-10 4H/xxxx TOYOTA PASSO အမျိုးအစား (ခဲရောင်) ယာဉ်သည် Carburetor ဆီယိုစိမ့်ရာမှ အနီးရှိအိတ်ဇောပေါ်သို့ ဆီကျ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် သုံးစီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၇ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါ မီးလောင်မှုကြောင့် ရှေ့တာယာ နှစ်လုံး၊ ရှေ့လေကာမှန် တစ်ချပ်၊ နောက်လေကာမှန် တစ်ချပ်နှင့် ကားအတွင်းခန်းတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ယာဉ်မောင်း ဒေါ်နန္ဒအား မရမ်းကုန်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ တင်ဒါခေါ်ယူခြင်းနှင့် ဈေးနှုန်းအဆိုပြုလွှာ လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 26, 2024တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ တင်ဒါခေါ်ယူခြင်းနှင့် ဈေးနှုန်းအဆိုပြုလွှာ လျှောက်လွှာခေါ်ယူခြင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ အင်းယားမြိုင်လမ်း၊ အလယ်တောရစံပြစာသင်တိုက်အတွင်းရှိ မြေကွက်နှင့် မြေကွက်ပေါ်ရှိ အဆောက်အအုံ...
Posted on Apr 29, 2024
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်
Posted on Apr 27, 2024ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်