ရန်ကုန် - မန္တလေး - ရန်ကုန်ခရီးစဉ်တွင် အမှတ် (၉) အဆန်/အမှတ် (၁၀) အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများ ထပ်မံတိုးချဲ့ပြေးဆွဲမည်
ရန်ကုန် - မန္တလေး - ရန်ကုန်ခရီးစဉ်တွင် အမှတ် (၉) အဆန်/အမှတ် (၁၀) အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများ ထပ်မံတိုးချဲ့ပြေးဆွဲမည်
Ministry of Information/ Naypyitaw / May 28, 2026
နေပြည်တော် မေ ၂၇
ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရန်ကုန်-မန္တလေး-ရန်ကုန် ရထားခရီးစဉ်အဖြစ် အမှတ် (၃) အဆန်/အမှတ် (၄) အစုန်နှင့် အမှတ် (၅) အဆန်/ အမှတ် (၆) အစုန် လေအေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထားများအား ၂၀၂၆ ခုနှစ် မေလအတွင်း စတင်ပြေးဆွဲပေးခဲ့ပြီး ခရီးသည်များ ကြိုက်နှစ်သက်၍ စီးနင်းမှုများသောကြောင့် အမှတ် (၉) အဆန်/အမှတ် (၁၀) အစုန်လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားအား ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်မှ စတင်၍ အောက်ပါအချိန်ဇယားအတိုင်း တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်သည်-
အထက်ပါ တိုးချဲ့ပြေးဆွဲမည့် အမှတ် (၉) အဆန်/အမှတ် (၁၀) အစုန်ရထားသည် ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်တစ်လျှောက်တိုးကြောင်ကလေး၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ တပ်ကုန်း၊ ပျော်ဘွယ်၊ သာစည်ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ ယခင်အတိုင်း ခရီးစဉ်အစဆုံး အထက်တန်း ၄၈၀၀၀ ကျပ်နှင့် ပထမတန်း ၃၄၀၀၀ ကျပ်တို့ဖြစ်သည်။
ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း အထက်ဖော်ပြပါလေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများအပြင် လေအေးပေးစက်ပါ အထက်တန်းလူစီးတွဲ နှစ်တွဲပါရှိသော လေအိတ်ရထားဖြစ်သည့် အမှတ် (၁၁) အဆန်/အမှတ် (၁၂) အစုန် ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်ရထားများ ပြေးဆွဲလျက်ရှိပြီး ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်အား လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများဖြစ်သော အမှတ် (၇) အဆန်/အမှတ် (၈) အစုန်နှင့် အမှတ် (၃၁) အဆန်/အမှတ် (၃၂) အစုန်ရထားများ ပြေးဆွဲပေးလျက်ရှိသည်။
အဆိုပါရထားများ၏ ထိုင်ခုံလက်မှတ်များအား Online Railways Ticketing and Payment (ORTP) စနစ်တွင် အွန်လိုင်းမှ ကြိုတင်၍ ဝယ်ယူနိုင်မည်ဖြစ်ပြီး ခရီးစဉ်အစအဆုံးဘူတာများအတွက် (၇) ရက်နှင့် ကြားဘူတာများအတွက် (၅) ရက် ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ ရန်ကုန်-မန္တလေး လမ်းပိုင်းအတွင်း ပဲခူး-ရန်ကုန်-ပဲခူး ခရီးစဉ်အဖြစ် လေအေးပေးစက်ပါ ခေတ်မီ DEMU ရထားဖြစ်သည့် အမှတ် (၁၅) အဆန်/အမှတ် (၁၆) အစုန်ရထားနှင့် RBE ခရီးတို ရထားများဖြစ်သော မန္တလေး-သာစည်-မန္တလေးခရီးစဉ်အဖြစ် အမှတ် (သ-၃၀၁) အဆန်/(သ-၃၀၂) အစုန်၊ သာစည်-နေပြည်တော်-သာစည် ခရီးစဉ်အဖြစ် အမှတ် (သ-၄၀၁) အဆန်/(သ-၄၀၂) အစုန်၊ နေပြည်တော်-တောင်ငူ-နေပြည်တော် ခရီးစဉ်အဖြစ်အမှတ် (သ-၅၀၁) အဆန်/(သ-၅၀၂) အစုန်နှင့် တောင်ငူ-ပဲခူး-တောင်ငူ ခရီးစဉ်အဖြစ် အမှတ်(သ-၆၀၁) အဆန်/(သ-၆၀၂) အစုန်ရထားများအား ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။
သတင်းစဉ်
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအစားထိုးပြောင်းလဲ
Posted on May 27, 2026တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအစားထိုးပြောင်းလဲ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Posted on Jan 31, 2025၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Posted on Jul 19, 2024
