ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီး၏ (၁၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း၊ ရွှေကြာသင်္ကန်းကပ်လှူခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီး၏ (၁၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း၊ ရွှေကြာသင်္ကန်းကပ်လှူခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Ministry of Information/ Naypyitaw / March 03, 2026
နေပြည်တော် မတ် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီး၏ (၁၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း၊ ရွှေကြာသင်္ကန်းကပ်လှူခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီး၌ကျင်းပပြုလုပ်ရာ မြို့မကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကလျာဏအမှူးပြုသော ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူကြပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးမင်းဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ ဆရာတော်၊ သံဃာတော်များက အဆိုပါစေတီတော် မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း ဆောင်ရွက်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် စေတနာရှင်အလှူရှင်များက အဆိုပါ စေတီတော် မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ရွှေကြာ သင်္ကန်းများ ကပ်လှူပူဇော်ကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက လားရှိုးမြို့ရှိ မဟာဗောဒါရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနာရဒထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လားရှိုးမြို့ရှိ ဇမ္ဗူအေးစေတီတပ်ဦးကျောင်း ဆရာ တော်ဘဒ္ဒန္တဥတ္တမထံမှ အနုမောဒနာ တရားနာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း
Posted on Mar 2, 2026မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် ( ၂ /၂၀၂၆ )
Posted on Mar 2, 2026အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)၊ ၅၂(က) ဖြင့် ကြားနာစစ်ဆေးဆဲအမှုများကိုပိတ်သိမ်းခြင်း
Posted on Mar 2, 2026အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)၊ ၅၂(က) ဖြင့် ကြားနာစစ်ဆေးဆဲအမှုများကိုပိတ်သိမ်းခြင်း
