ရေစကြိုမြို့နယ်၊ ဆင်မရဲကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ဆင်မရဲ)မှ အထက်တန်းပြ ဆရာမတစ်ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်
ရေစကြိုမြို့နယ်၊ ဆင်မရဲကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ဆင်မရဲ)မှ အထက်တန်းပြ ဆရာမတစ်ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်
Ministry of Information/ Naypyitaw / December 01, 2023

နေပြည်တော် ဒီဇင်ဘာ ၁
နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများသည် ရဟန်း သံဃာများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသောပြည်သူများ အကြောက်တရားလွှမ်းမိုးစေရန် ၎င်းတို့နှင့် အမြင်အယူအဆမ တူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများကို ဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆင်မရဲကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ဆင်မရဲ)တွင် အထက်တန်းပြ ဆရာမအဖြစ် တာဝန်ထမ်းဆောင်နေသည့် အောင်ပန်းချောင်းကျေးရွာနေ ဒေါ်မာစီသည် ၎င်း၏အစ်မဖြစ်သူ ဒေါ်မာသီနှင့် သမီးဖြစ်သူ မနှင်းမာလာအောင်တို့နှင့်အတူ နေအိမ်၌ရှိနေစဉ် နိုဝင်ဘာလ ၂၈ ရက် နံနက်ပိုင်းက PDF အမည်ခံအကြမ်းဖက်သမား ၃၀ ဦးခန့် ရောက်ရှိလာပြီး ဆရာမဖြစ်သူ ဒေါ်မာစီအား ကျေးရွာ၏ အရှေ့ဘက်မီတာ ၁၅၀ ခန့် အကွာရှိ စက်လှေဆိပ်သို့ လက်ပြန်ကြိုးတုတ်၍ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများသည် ကျေးရွာ၏ မြောက်ဘက်သို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။
ယခုကဲ့သို့ အနာဂတ်ကလေးငယ်များအား ပညာသင်ကြားပေးနေသည့် ဆရာမဖြစ်သူအား ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီး ရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း
Posted on May 9, 2025သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ကျောင်းသား/သူများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန် အသိပေးနှိုးဆော်ခြင်း
Posted on May 6, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
Posted on May 3, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။