ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်နှင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူ
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်နှင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / February 18, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်က ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်နှင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ မြို့သစ်ရပ်ကွက်၊ ကျိုင်းတုံ-လေယာဉ်ကွင်းသွားကားလမ်းမကြီးပေါ်၌ အမှတ်(၁၂၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကျိုင်းတုံမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ စိုင်းနိုင်မင်းထွန်း(၃၀)နှစ် မောင်းနှင်သည့် SHN-12/ 7R-XXXX HONDA CRV မော်တော်ယာဉ်သည် လမ်းပြောင်းပြန်ရပ်တန့်ထားသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စိုင်းနိုင်မင်းထွန်း အား ကျိုင်းတုံမြို့မရဲစခန်း (ပ)၁၇/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။
အလားတူ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က လိုင်စင်မဲ့ မော်တော်ယာဉ်များ ရောင်း/ဝယ်ပြုလုပ်သူများ အမှတ်(၅) ရပ်ကွက်၌ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ရာ အမှတ်(၃)ရပ်ကွက်နေ အောင်မြင့်မြတ်(ခ)ကျော်စိုး(၃၃)နှစ်အား KYN/7Z-XXXX HONDA INSIGHT မော်တော်ယာဉ်နှင့် အမှတ်(၂)ရပ်ကွက်နေ သိန်းနိုင်(၄၂)နှစ်အား KYN-7/5P-XXXX HONDA INSIGHT မော်တော်ယာဉ် တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး အဆိုပါမော်တော်ယာဉ်များနှင့်ပတ်သက်၍ အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အောင်မြင့်မြတ်(ခ)ကျော်စိုးနှင့် သိန်းနိုင်တို့ နှစ်ဦးအား မြဝတီမြို့မရဲစခန်း (ပ)၇၁/၂၀၂၆၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စနေနေ့။
Posted on Feb 14, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။
Posted on Feb 13, 2026
ဗိုလ်လောင်းလျှောက်လွှာများ ထုတ်ယူ/တင်သွင်းခြင်းအား ထပ်မံရက်တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးခြင်း
Posted on Feb 18, 2026ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းခေါ်ယူခြင်း
Posted on Jan 15, 2026အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ချက်
Posted on Feb 11, 2026ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။
