ရှမ်းပြည်နယ် နှင့် မကွေးတိုင်းဒေသကြီးတို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီးဖမ်းဆီးရမိ
ရှမ်းပြည်နယ် နှင့် မကွေးတိုင်းဒေသကြီးတို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီးဖမ်းဆီးရမိ
Ministry of Home Affairs/ နေပြည်တော် / November 09, 2025
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၇ ရက် ညနေ ၅ နာရီတွင် ကျိုင်းတုံမြို့၊ အမှတ်(၁၂၀) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက ကျိုင်းတုံ-တာချီလိတ်သွားကားလမ်း ဆိုလာလမ်းဆုံ၌ မော်တော်ယာဉ် စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကျိုင်းတုံမြို့၊ (၄)ရပ်ကွက်နေ ရဲလင်းအောင် (၂၁)နှစ် မောင်းနှင် လာသည့် SHN-7 7F/XXXX HIJET အဖြူရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်း မရှိဘဲ လိုင်စင်မဲ့ယာဉ် ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ရဲလင်းအောင်အား ကျိုင်းတုံမြို့မရဲစခန်း (ပ)၁၉၂/ ၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း၊
အလားတူ နိုဝင်ဘာ ၈ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မကွေးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် အောင်ချမ်းသာရပ်ကွက်၊ ပြည်တော်သာလမ်း၊ အခြေခံပညာအလယ်တန်းကျောင်းရှေ့သို့ အရောက်တွင် ပြည်တော်သာလမ်းအတိုင်း အနောက် ဘက်မှ အရှေ့ဘက်သို့ မကွေးမြို့၊ အောင်ရတနာရပ်ကွက်နေ ကောင်းမြတ်ဟိန်း(၃၀)နှစ် မောင်းနှင် လာသည့် MDY-12 5H/XXXX Honda Fit အဖြူရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်နှင့် ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ် ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ကောင်းမြတ်ဟိန်းအား မကွေးနယ်မြေရဲစခန်း (ပ)၂၂၄/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။
Posted on Nov 10, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။
Posted on Nov 09, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။
Posted on Nov 08, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
Posted on Nov 07, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
Posted on Nov 06, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Nov 05, 2025
တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်းအသိပေးကြေညာခြင်း
Posted on Nov 8, 2025သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများက တာဝန်ယူဖွင့်လှစ်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ မကြာမီတွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများသည် ရွေးကောက်ပွဲစတင်ကျင်းပမည့် ၂၈-၁၂-၂၀၂၅ ရက်နေ့တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌ကျောင်းတက်ရောက်နေကြရမည်ဖြစ်ပါသည်။ အဆိုပါ ကျောင်းသား၊ ကျောင်းသူများအနက် မိမိတို့မဲစာရင်းပါရှိသည့်
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Posted on Nov 8, 2025တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Posted on Nov 8, 2025တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
