ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဆတ်မြို့၌ ဆဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ လားဟူတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဆတ်မြို့၌ ဆဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ လားဟူတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပပြုလုပ်


Ministry of Information/ Naypyitaw / January 24, 2026
image_latest


နေပြည်တော် ဇန်နဝါရီလ ၂၄

ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ လားဟူတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော်အား ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ ရှိလားဟူစုပေါင်းရိုးရာယဉ်ကျေးမှုကွင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် စိုးလှိုင်နှင့်တာဝန်ရှိသူများ၊ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၊ လားဟူတိုင်းရင်းသားရိုးရာ စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ပဉ္စမအကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် လားဟူတိုင်းရင်းသားတို့၏ ရိုးရာနှစ်သစ်ကူးအထိမ်းအမှတ် ထင်းရှူးပင်ပတ်လည်၌ ဗူးပလွေ၊ မြေဝိုင်းအကများဖြင့် လှည့်လည်ကပြဖျော်ဖြေမှုတွင် ပါဝင်ဆင်နွှဲကြသည်။ ယင်းနောက် တိုင်းမှူးနှင့်တက်ရောက်လာကြသူများက လားဟူတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအမွေအနှစ်ပြခန်းအား လှည့်လည်ကြည့်ရှုအားပေးကြပြီး ရိုးရာလက်ဆေးမင်္ဂလာ ပြုလုပ်ကြသည်။

၎င်းနောက် တိုင်းမှူးအမှာစကားပြောကြားပြီး ရိုးရာနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အမှတ်တရလက်ဆောင်ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ယင်းနောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး ပွဲတော်ဖြစ်မြောက်ရေး ဂုဏ်ပြုချီးမြှင့်ငွေများအားပေးအပ်ပါသည်။ ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ လားဟူတိုင်းရင်းသားရိုးရာ စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌမှ လားဟူတိုင်းရင်းသားများ၏ နှစ်သစ်ကူးသမိုင်းကြောင်းအား ရှင်းလင်းပြောကြားပြီး “နှစ်သစ်ကူးအကအလှ”သီချင်းအား ရိုးရာယဉ်ကျေးမှုအဖွဲ့များဖြင့် ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေးကြသည်။

ယင်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများသည် မိုင်းဆတ်မြို့နယ်အတွင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ လားဟူတိုင်းရင်းသား ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ကြသည်။

ထို့နောက် တိုင်းရင်းသားလူငယ်နှစ်ဦးမှ ဒေသတွင်းလိုအပ်ချက်များအား တင်ပြခဲ့ပြီး ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Mar 17, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Mar 16, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 15, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Posted on Mar 14, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Posted on Mar 13, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Mar 12, 2026
AnnouncementsExplore more >

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Posted on Mar 16, 2026

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

Posted on Mar 16, 2026

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

Posted on Mar 16, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း