လက်ဖက်ယဉ်ကျေးမှုအား UNESCO ၏ လူသားမျိုးနွယ်ဆိုင်ရာ ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

လက်ဖက်ယဉ်ကျေးမှုအား UNESCO ၏ လူသားမျိုးနွယ်ဆိုင်ရာ ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / December 11, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၀

လက်ဖက်ယဉ်ကျေးမှုအား UNESCO ၏ လူသားမျိုးနွယ်ဆိုင်ရာကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် သမိုင်းသုတေသနနှင့် စာကြည့်တိုက်ဦးစီးဌာနတို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ သုတေသနပညာရှင်ဝန်ထမ်းများနှင့် ယူနက်စကိုသို့ တင်သွင်းနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားသည့် အထောက်အကူပြုအဖွဲ့များ တက်ရောက်ကြပြီး မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ မြန်မာနိုင်ငံလက်ဖက်အသင်း (ရန်ကုန်)၊ မြန်မာနိုင်ငံလက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (မန္တလေး) နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန လက်အောက်ရှိ လက်ဖက်ယဉ်ကျေးမှုနှင့် ပတ်သက်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေသည့် ဌာနခွဲ၊ ဌာနစုများ၊ တာဝန်ရှိသူများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် တင်သွင်းနိုင်ရေးအတွက် ၂၀၀၃ ကွန်ဗင်းရှင်းတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ လူသားမျိုးနွယ်ဆိုင်ရာ ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တင်သွင်းမည်ဆိုပါက တင်သွင်းမည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်သည် အမျိုးသားအဆင့် စာရင်းဝင်ရမည်ဖြစ်ကြောင်းနှင့် ယူနက်စကိုသို့တင်သွင်းမည့် လက်ဖက်ယဉ်ကျေးမှုနှင့် ပတ်သက်သည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ခေါင်းစဉ်အမည်သတ်မှတ်နိုင်ရေး မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ မြန်မာနိုင်ငံလက်ဖက်အသင်း (ရန်ကုန်၊ မန္တလေး) နှင့် ဝန်ကြီးဌာနကျွမ်းကျင်ပညာရှင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက််၍ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က မိမိတို့အနေဖြင့် မြန်မာနိုင်ငံလက်ဖက်အသင်း (ရန်ကုန်) နှင့် ပူးပေါင်း၍ ယူနက်စကိုသတ်မှတ်ပုံစံ ICH-02 Form အား ဖြည့်သွင်းလျက်ရှိကြောင်း၊ မြန်မာနိုင်ငံလက်ဖက်အသင်းအနေဖြင့် Consent Letter and Video၊ Statement Letter and Video များ ရယူနိုင်ရေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ တင်သွင်းမည့်ခေါင်းစဉ် (Element) အနေဖြင့် လက်ဖက်စိုယဉ်ကျေးမှုဟု လျာထားသတ်မှတ်ထားကြောင်း၊ အဆိုပါခေါင်းစဉ်တင်သွင်းရန်အတွက် ဖော်ပြသင့်သည့် ခေါင်းစဉ်အမည်ကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် အမျိုးသားပြတိုက် (ရန်ကုန်) ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်းက ယူနက်စကိုသို့ တင်သွင်းရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် လုပ်ငန်းဆောင်ရွက်ရမည့် အချိန်ကာလများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာသူများက အထွေထွေဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Mar 10, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Posted on Mar 09, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 08, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Posted on Mar 07, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Posted on Mar 06, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Posted on Mar 05, 2026
AnnouncementsExplore more >

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၂၈-၂-၂၀၂၆)

Posted on Mar 9, 2026

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၂၈-၂-၂၀၂၆)

အများပြည်သူသို့ အသိပေးကြေညာခြင်း

Posted on Mar 7, 2026

အများပြည်သူသို့ အသိပေးကြေညာခြင်း

အများပြည်သူသို့ အသိပေးကြေညာ

Posted on Mar 7, 2026

အများပြည်သူသို့ အသိပေးကြေညာ