လူထုပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
လူထုပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
Ministry of Information/ Naypyitaw / November 18, 2025
နေပြည်တော် နိုဝင်ဘာ ၁၇
လူထုပါတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း (ခ) ပါစီပြည်ဟိန်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုဝင်ဘာ ၁၇ ရက် ညပိုင်းတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
ကျွန်တော်ကတော့ ဦးမျိုးမင်းထွန်း(ခ) ပါစီပြည်ဟိန်း ဖြစ်ပါတယ်။ လူထုပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌတစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်ပါ တယ်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲကြီးမှာ လူထုပါတီအနေနဲ့ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ကြည့်မြင်တိုင် မြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
မဲဆန္ဒရှင် ပြည်သူအပေါင်းတို့ခင်ဗျား
ကျွန်တော်တို့ လူထုပါတီအနေနဲ့ ပြည်သူလူထုအတွက် တင်ပြပါကိစ္စရပ်တွေကို ဆောင်ရွက်ခွင့်ရချင်ပါတယ်။ နိုင်ငံတော်အတွင်း ထာဝရငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး
စားဝတ်နေရေး
ကျန်းမာရေး
ပညာရေး
စိုက်ပျိုးမွေးမြူရေးနှင့် စီးပွားရေးလုပ်ငန်းများကို အကောင်းဆုံးဖြစ်အောင် ဖော်ဆောင်ခွင့်ရချင်ပါတယ်။
ကမ္ဘာ့နိုင်ငံတွေက ကွန်ပျူတာခေတ် Internet ခေတ်တွေ ကျော်လွန်ပြီး AI ခေတ်ကိုတောင် ရောက်နေပြီ။ စက်ရုပ်တွေ၊ မောင်းသူမဲ့ကားတွေ၊ ဒီဇယ်ဓာတ်ဆီကားတွေကနေ လျှပ်စစ်ကားတွေ၊ အာကာသခရီးသွားလုပ်ငန်းတွေ၊ အာကာသနယ်ပယ်သစ်ချဲ့ထွင်မှုတွေ အင်အားကြီးစစ်လက်နက်တွေ၊ လက်နက်ဆန်းတွေ အလုအယက်ဖန်တီးတည်ဆောက်နေကြတာ နေ့စဉ်နှင့်အမျှ ဖြစ်ပါတယ်။ အင်အားကြီးနိုင်ငံကြီးတွေ၊ ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ တိုးတက်မှုတွေကိုကြည့်ရင် နိုင်ငံသားအချင်းချင်း မသင့်မြတ်မှု၊ လက်နက်စွဲကိုင် သူပုန်ထမှုတွေ ချုပ်ငြိမ်းပြီးမှ ရလာတဲ့အသီးအပွင့်တွေ ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံက ငြိမ်းချမ်းပြီး အေးချမ်းသာယာဖို့ အချိန်တန်ပါပြီ။ နှစ်ပေါင်း ၇ဝ ကျော်ကြာဖြစ်ပွားနေတဲ့ တိုင်းရင်းသားအချင်းချင်း မသင့်မြတ်မှု အဓွန့်ရှည်နေမယ်ဆိုရင် တိုင်းပြည်နဲ့ ပြည်သူတို့ရဲ့ ဘဝများက ဘယ်တော့မှ တိုးတက်မှာမဟုတ်ပါဘူး။ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ဆုပ်ထားတဲ့ လက်သီးတွေ ဖြည်လိုက်ကြပါ။ လက်သီးဆုပ်တွေကို ဖြည်မယ်ဆိုရင် ရင်ဘတ်ချင်းအပ် ပွင့်လင်းဖို့လိုပါတယ်။ ငြိမ်းချမ်းရေးမရှိဘဲ တိုင်းပြည်တည်ဆောက်လို့ မရပါဘူး။ တိုင်းရင်းသားညီအစ်ကို အချင်းချင်းမငြိမ်းချမ်းမှုကြောင့် တိုင်းပြည်လည်းနာ၊ ပြည်သူလည်းဒုက္ခဝေဖြာခဲ့ကြရပါတယ်။ ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုသဘောတူစာချုပ်ဖြစ်တဲ့ NCA သာလျှင် တစ်ခုတည်းသော လမ်းကြောင်းဖြစ်ပါတယ်။ NCA လမ်းကြောင်းကနေ ငြိမ်းချမ်းရေးအသီးအပွင့်တွေ ဖူးထွက်စေချင်ပါတယ်။
မဲဆန္ဒရှင် ပြည်သူအပေါင်းတို့ခင်ဗျား
ပညာရေးကဏ္ဍနှင့်ပတ်သက်၍ တစ်မျိုးသားလုံးနီးပါး စာတတ်မြောက်ဖို့လိုပါတယ်။ အများအားဖြင့် ကျောင်းနေလို့ရတဲ့ အသက်အရွယ်အားလုံး ကျောင်းနေရပါမယ်။ လူငယ်တိုင်း စာတတ်မြောက် ရပါမယ်။ လူငယ်တွေ စာတတ်မြောက်ပါမှ ဗဟုသုတရှိမှာပါ။ အမှားအမှန်ကို ဝေဖန်နိုင်မှာဖြစ်ပါတယ်။ လူငယ်တွေ ပညာဆည်းပူး တဲ့အခါမှာ ပညာမသင်နိုင်လောက်အောင် အတားအဆီးဖြစ်နေတဲ့ အရာတွေထဲမှာ ဒေသအလိုက် မငြိမ်းချမ်းမှု၊ အုပ်ချုပ်ရေးမတည်ငြိမ်မှု၊ လက်နက်ကိုင်သောင်းကျန်းမှုတွေလည်း ပါဝင်ပါတယ်။ ယနေ့အခြေအနေအရဆိုရင် မငြိမ်းချမ်းမှုကြောင့် လက်နက်ကိုင်သောင်းကျန်းမှုများကြောင့် စာမသင်ရတဲ့လူငယ်တွေ အများကြီး ဖြစ်ပါတယ်။ လူငယ်တွေ ပညာသင်ယူနိုင်ဖို့ ငြိမ်းချမ်းရေးနှင့်လည်း အဓိကသက်ဆိုင်နေပါတယ်။ ဒုတိယအရေးကြီးတာက လူငယ်တွေ ပညာသင်ယူနိုင်ဖို့အတွက် စာပေသင်ယူနိုင်မှု အခွင့်အလမ်းတွေ လွယ်ကူရပါမယ်။ မိသားစုတိုင်း စီးပွားရေးပြေလည်အောင် ဆောင်ရွက်ရပါမယ်။ မိသားစုတိုင်း သားသမီးပညာရေးအတွက် ဦးစားပေးလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ပုဂ္ဂလိကကျောင်းတွေရဲ့ ကြီးမြင့်တဲ့စရိတ်စကတွေလည်း လျှော့ချပေးရပါမယ်။ အစိုးရကျောင်းတွေမှာ လူငယ်အားလုံး ပညာသင်ယူနိုင်အောင် ဆောင်ရွက်ရပါမယ်။ စာသင်ပေးမယ့် ဆရာ၊ ဆရာမတွေရဲ့ အရည်အချင်းတွေ၊ အရည်အသွေးတွေကို မြှင့်တင်ရပါမယ်။ ရပ်ထဲရွာထဲ ကျော်စောမှုရှိတဲ့ ပညာတတ်များ၊ စာရေးဆရာများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များကို အစိုးရစာသင်ကျောင်းတွေမှာ အချိန်ပိုင်းစာသင်ကြားခြင်းများကို ဆောင်ရွက်ခွင့်ပေးရပါမယ်။ ပုဂ္ဂိုလ်ကိုခင်တွယ်မှု၊ အလွန်အကျွံ လေးစားမှု၊ နိုင်ငံရေးဝါဒတစ်ခုခုကို အလွန်အမင်းယုံကြည်မှု၊ အကြမ်းဖက်လက်နက်စွဲကိုင်မှု၊ နိုင်ငံရေးဝါဒတစ်ခုအပေါ် မှားယွင်းစွာယုံကြည်မှု၊ တိုင်းပြည်ကာကွယ်ရေးအတွက်မဟုတ်ဘဲ လက်နက်ကိုင် သူပုန်ထမှုတွေဟာ အသိသုတ၊ ဗဟုသုတမရှိလို့သာ ဖြစ်ပါတယ်။ အသိသုတ၊ ဗဟုသုတရှိစေဖို့၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ဖို့ လူငယ်တွေ ငယ်စဉ်ကတည်းက ပညာဆည်းပူးရမှာဖြစ်ပါတယ်။ လူငယ်တွေကို စာသင်ကြားပေးတဲ့နေရာမှာ အမိနိုင်ငံတော်ကို ချစ်မြတ်နိုးတဲ့စိတ် ကိန်းအောင်းလာအောင် ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဖော်ပြပါတာဝန်တွေကို ကျွန်တော်တို့ လူထုပါတီက ဆောင်ရွက်ခွင့်ရချင်ပါတယ်။
မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ခင်ဗျား
နိုင်ငံတော်ဟာ မြေသယံဇာတပေါကြွယ်ဝပြီး လယ်ယာစိုက်ပျိုး ရေးကောင်းမွန်စွာ ပြုလုပ်နိုင်သော နိုင်ငံတော်ကြီးဖြစ်ပါတယ်။ လယ်ယာနှင့်အခြားသီးနှံများ စိုက်ပျိုးနိုင်အောင် နိုင်ငံတော်က ကမကထပြုဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းသွားတဲ့ကာလမှာ ပစ္စည်းကိရိယာများရဲ့ ဈေးနှုန်းမြင့်မားမှု၊ လောင်စာဆီများ ဈေးနှုန်းမြင့်မားမှုတွေကြီးမားတဲ့ စိန်ခေါ်မှုတွေဖြစ်ပါတယ်။ လယ်ယာမြေလုပ်ငန်း လုပ်ကိုင်သူတွေကို နိုင်ငံတော်ကကူညီဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လယ်ယာမြေလုပ်ငန်းအတွက် လိုအပ်တဲ့စက်ယန္တရားတွေ၊ လောင်စာဆီတွေ၊ စိုက်ပျိုးရေး အထောက်အကူပြုပစ္စည်းတွေကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးရမှာဖြစ်ပါတယ်။ လယ်ယာလုပ်ငန်းခွင်သုံးပစ္စည်းများကို ပုဂ္ဂလိကများကို လုပ်ကိုင်ခွင့်မပေးဘဲ နိုင်ငံတော်အစိုးရကသာလျှင် ထိန်းချုပ်ပြီး ဆောင်ရွက်ပေးသင့်ပါတယ်။ လယ်ယာလုပ်ငန်းခွင်သုံး စက်ယန္တရားများ၊ လောင်စာဆီများ၊ ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးများ၊ မျိုးစေ့များ၊ အခြားအထောက်အကူပြုပစ္စည်းတွေဟာ ပုဂ္ဂလိကလုပ်ငန်းရှင်များရဲ့ လက်ဝါးကြီးအုပ်မှုများ၊ ဈေးကစားမှုများကြောင့် လယ်သမားများ အခက်ကြုံတွေ့နေရပါတယ်။ လယ်သမားများ လယ်ယာမြေမစိုက်ပျိုးနိုင်ရင် နိုင်ငံတော်ရှိ ပြည်သူများအတွက် စားနပ်ရိက္ခာအကျပ်အတည်းနှင့် ရင်ဆိုင်ရပါလိမ့်မယ်။ လယ်ယာ လုပ်ငန်းရှင်များနှင့်ပတ်သက်၍ အစိုးရမှပြန်လည်ကိုင်တွယ်သင့်ပါတယ်။
မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ခင်ဗျား
နိုင်ငံတော်ရဲ့ လူဦးရေများပြားလာမှု၊ မြို့ရွာများချဲ့ထွင်လာမှုတွေဟာလည်း လယ်ယာမြေဆုံးရှုံးမှုတွေကို ဖြစ်ပေါ်လာစေပါတယ်။ မတော်လောဘဖြင့် စီးပွားရေး လုပ်ကိုင်သူများက လယ်ယာမြေများကို ဥပဒေမဲ့အကွက်ရိုက် ရောင်းချမှုများ၊ အခြားနည်း အသုံးပြုခွင့်မရှိဘဲ လယ်ယာမြေကို ဖျက်သိမ်း၍ အခြားလုပ်ငန်း ဆောင်ရွက်မှုများကြောင့် လယ်ယာမြေများ ဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါတယ်။ အစိုးရမှဥပဒေများ ထုတ်ပြန်အရေးယူ ဆောင်ရွက်လျက်ရှိသော်လည်း အချို့သောမတော်လောဘ စီးပွားရေးသမားများက လိုက်နာမှုမရှိသည်ကို တွေ့ရပါတယ်။ ပြင်းထန်ထိရောက်သော ဥပဒေများရေးဆွဲ၍ လယ်ယာမြေများ ဆုံးရှုံးခြင်းကို ကာကွယ်သင့်ပါတယ်။ လယ်ယာမြေများအတွက် လူထုပါတီက ဆောင်ရွက်ခွင့်ရချင်ပါတယ်။
မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ခင်ဗျား
ယနေ့လူငယ်တွေက နိုင်ငံတော်အတွင်းမှာမနေဘဲ အချို့သောနိုင်ငံတွေကို တရားမဝင်သွားရောက်နေတာကလည်း ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ လူငယ်တွေ ပြည်တွင်းမှာနေဖို့အတွက် လုပ်သာကိုင်သာရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးရမှာ ဖြစ်ပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနိုင်ငံဖြစ်တဲ့အတွက် အလွယ်တကူ စိုက်ပျိုးနိုင်အောင်၊ မွေးမြူနိုင်အောင် နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်မှာ ကျွန်တော်တို့ပါတီက သဘောကျအကြိုက်ဆုံးအရာ တစ်ခုရှိပါတယ်။ အခြေခံပညာအထက်တန်းကျောင်းတွေမှာ စိုက်ပျိုးမွေးမြူရေးကျောင်းတွေ တွဲဖွင့်ပေးတာပဲဖြစ်ပါတယ်။ အမြော်အမြင် ကြီးသောလုပ်ရပ်ဖြစ်ပါကြောင်း ဂုဏ်ပြုပြောကြားလိုပါတယ်။ အရင်စနစ်က ပညာသင်နေတဲ့လူငယ်တွေဟာ ၈ တန်း၊ ၉ တန်း၊ ၁ဝ တန်း မအောင်တော့ရင် ဘာလုပ်ရမှန်းမသိဖြစ်နေတတ်ပါတယ်။ စိုက်ပျိုး မွေးမြူရေးကျောင်းတွေတွဲ၍ ဖွင့်ပေးထားခြင်းအားဖြင့် ၈ တန်း၊ ၉ တန်း၊ ၁ဝ တန်း အဆင့်မြင့်တန်းတွေ မဆည်းပူးနိုင်ရင်တောင်မှ စိုက်ပျိုးမွေးမြူရေးကို နားလည်ပြီး ၎င်းတို့တစ်ဦးချင်းရဲ့ စားဝတ် နေရေး၊ မိသားစုစားဝတ်နေရေး၊ နိုင်ငံတော်အတွက် အကျိုးပြု လူတန်းစားတစ်ရပ် ထွက်ပေါ်လာမှာဖြစ်ပါတယ်။ ကျေးရွာတွေ/မြို့တွေမှာရှိတဲ့ လူငယ်တွေဟာ နိုင်ငံရပ်ခြားသွားစရာမလိုပါဘဲ မိမိတို့နိုင်ငံမှာပဲ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ မွေးမြူရေးဇုန်၊ စိုက်ပျိုးရေးဇုန်များ မြို့နယ်တိုင်းမှာ ထူထောင်ပေးဖို့ လိုအပ်ပါတယ်။ ယင်းဇုန်များ ထူထောင်ရာတွင်လည်း စီးပွားရေးသမား များ လက်ဝါးကြီးအုပ်မှုမရှိစေရန် စနစ်တကျထိန်းကျောင်းပေးရပါမယ်။
ဖော်ပြပါတာဝန်များကို ကျွန်တော်တို့ လူထုပါတီက ထမ်းဆောင် ခွင့်ရချင်ပါတယ်။
မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ခင်ဗျား
နိဂုံးချုပ်အနေနဲ့ပြောရရင် ကျွန်တော်တို့လူထုပါတီကို ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ မဲရုံကိုသွားပြီး မိမိကြိုက်ရာပါတီ၊ မိမိကြိုက်ရာ ကိုယ်စားလှယ်လောင်းကို မဲပေးလိုက်ပါ။ သင့်မဲတစ်ပြားဖြင့် တိုင်းပြည်တည်ဆောက်ပါ။ သင့်မဲဖြင့် အမိနိုင်ငံတော်ကို ချစ်မြတ်နိုးကြောင်း ပြသလိုက်ပါ။ သင့်မဲဖြင့် ပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ပါ။ သင့်မဲဖြင့် နိုင်ငံတော်သာယာ ဝပြောအောင်လုပ်ပါ။ သင့်ကြောင့် ရရှိပြီးလွတ်လပ်ရေးကို မဆုံးရှုံးပါစေနှင့်။ သင့်ကြောင့် နိုင်ငံတော်ကြီး ကမ္ဘာ့အလယ်မှာ အဓွန့်ရှည်တည်တံ့ပါစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
Posted on Nov 18, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Posted on Nov 17, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Posted on Nov 16, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Posted on Nov 15, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
Posted on Nov 14, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
Posted on Nov 13, 2025
မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် (၆) လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်
Posted on Nov 18, 2025မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် (၆) လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Posted on Nov 12, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
Posted on Oct 31, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
