ဝိုင်းမော်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိဘိန်းဖြူ ၄၇ ကီလိုကျော်နှင့် စိတ်ကြွဆေးပြား ၇ သိန်းကျော်ဖမ်းဆီးရမိ
ဝိုင်းမော်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိဘိန်းဖြူ ၄၇ ကီလိုကျော်နှင့် စိတ်ကြွဆေးပြား ၇ သိန်းကျော်ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / November 13, 2025
နေပြည်တော် နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမှ ကချင်ပြည်နယ်၊ ဝိုင်းမော်သို့ သယ်ဆောင်ရောင်းဝယ်မည့် ခန့်မှန်းတန်ဖိုးငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၄၇ ကီလိုကျော်နှင့် စိတ်ကြွဆေးပြား ၇ သိန်းကျော် သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အောက်တိုဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် ဝိုင်းမော်မြို့နယ်၊ နတ်မြစ်ခတံတားအနီး၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၃၀ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ဝိုင်းမော်မြို့နယ်၊ နတ်မြစ်ခတံတားအနီး၌ သတင်းအရစောင့်ဆိုင်းစဉ် လထော်နန်အောင်(ဘ) ဦးလထော်ပေါလု မောင်းနှင်ပြီး ဇခုန်ဒန်ရိန်(ဘ) ဦးဇခုန်ထွန်းဒန် လိုက်ပါလာသော TOYOTA HILUX REVO မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၄၇ ဒသမ ၅၂ ကီလို (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁ ဒသမ ၁၈၈ ဘီလီယံ)နှင့် စိတ်ကြွဆေးပြား ၇ ဒသမ ၈ သိန်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁ ဒသမ ၁၇ ဘီလီယံ) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂ ဒသမ ၃၅၈ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများအား သယ်ဆောင်ခိုင်းသူမှာ နမ့်ခမ်းမြို့နယ်နေ ခေါင်ဒေါင်(ဖမ်းဆီးရန်ကျန်)ဖြစ်ကြောင်း၊ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများအား နမ့်ခမ်းမှ ဝိုင်းမော်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိ၍ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
Posted on Nov 13, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Nov 12, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Nov 12, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။
Posted on Nov 11, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။
Posted on Nov 10, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။
Posted on Nov 09, 2025
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်ဝင်ခွင့် ရရှိသူများစာရင်း
Posted on Nov 13, 2025သမဝါယမကောလိပ်(ဖောင်ကြီး)နှင့်သမဝါယမကောလိပ်(မန္တလေး) ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်း
Posted on Nov 13, 2025သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်းများကို (၁၇-၁၁-၂၀၂၅)ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံပြီး (၂၄-၁၁-၂၀၂၅)ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
