သစ်တောသစ်ပင်များ စိုက်ပျိုးဖြစ်ထွန်းရေး အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်
သစ်တောသစ်ပင်များ စိုက်ပျိုးဖြစ်ထွန်းရေး အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်
Ministry of Information/ Naypyitaw / September 19, 2025

ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၅ ခုနှစ် တတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြည်ထောင်စု နယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အနီး၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ယနေ့ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲသည် မြတ်စွာဘုရားအား ထာဝရပူဇော်နိုင်ရန်ရည်ရွယ်ပြီး အရောင်၊ အဆင်း၊ အနံ့နှင့်ပြည့်စုံသည့် နှစ်ရှည်ပင်များကို စိုက်ပျိုးခြင်းဖြစ်သည့်အတွက်ကြောင့် ရှင်သန်ဖြစ်ထွန်းအောင် အထူး စေတနာထား ဆောင်ရွက်သွားကြရန်” တိုက်တွန်းပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသည် မိုးရာသီကာလတွင် အစဉ်အလာမပျက် စိုက်ပျိုးသည့်ပွဲဖြစ်သလို နိုင်ငံတော်၏မူဝါဒဖြစ်သည့် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံတစ်ဝန်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာရေးအတွက် အလေးထား စိုက်ပျိုးသည့်ပွဲဖြစ်သည်။ ယခုကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲသည် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အနီးတွင် အရောင်အသွေးစုံလင်ပြီး ရနံ့မွှေးပျံ့ကာ ပန်းများပွင့်သည့် အရိပ်ရသစ်ပင်များဖြစ်သော ပိတောက်၊ ခရေ၊ ကံ့ကော်၊ အင်ကြင်း၊ တမာ၊ စံကားဝါ၊ ပနားမားငု၊ စွယ်တော်အပါအဝင် သစ်မျိုး ၁၈ မျိုး၊ ပျိုးပင်ပေါင်း ၃၀၀၀ ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် တပျော်တပါး စိုက်ပျိုးခဲ့ကြသဖြင့် ထူးကဲမွန်မြတ်သည့် စုပေါင်းကုသိုလ်ပွဲဟုလည်း ဆိုနိုင်သည်။
သစ်ပင်စိုက်ပျိုးခြင်းသည် ယခုကဲ့သို့ ပွဲတော်များ၊ အခမ်းအနားများနှင့် စိုက်ပျိုးခြင်းအပြင် လုပ်ရိုးလုပ်စဉ် မိရိုးဖလာစိုက်ပျိုးကြခြင်းလည်းရှိသည်။ မိမိတို့၏ အိမ်ခြံဝင်း၊ အိမ်ပတ်ဝန်းကျင်၊ ရပ်ရွာဝန်းကျင်၊ လယ်ယာပတ်ဝန်းကျင်၊ စက်ရုံ၊ အလုပ်ရုံဝန်းကျင်၊ လက်လှမ်းတမီနေရာများတွင် တစ်ဦးချင်းဖြစ်စေ၊ မိသားစုအလိုက် ဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ တစ်ပင်၊ နှစ်ပင်မှအစ တစ်အုပ်တစ်မ တတ်နိုင်သမျှ ရှင်သန်အောင် နှစ်စဉ်စိုက်ပျိုးထူထောင်သွားမည်ဆိုပါက နိုင်ငံတော်က မျှော်မှန်း သည့် နိုင်ငံတစ်ဝန်း သစ်တောလွှမ်းခြုံမှု ၅၀ ရာခိုင်နှုန်းရှိစေရေး၊ သစ်တောသစ်ပင် တိုးတက်ရေးနှင့် စိမ်းလန်းစိုပြည်ရေးတို့ မလွဲမသွေတိုးတက်ဖြစ်ထွန်းလာမည်မှာ သေချာသည်။
နိုင်ငံတစ်ဝန်း သစ်တောဖုံးလွှမ်းမှုတိုးတက်စေရေးအတွက် သစ်တောများ ပြန်လည်ထူထောင်ရေးစီမံကိန်း၊ အပူပိုင်းဒေသ ၁၃ ခရိုင်စိမ်းလန်းစိုပြည်ရေးစီမံကိန်း၊ ကမ်းရိုးတန်းဒီရေတောများ ဘက်စုံစီမံအုပ်ချုပ်ခြင်းစီမံကိန်း စသည့်စီမံကိန်းများကို နိုင်ငံတော်၏ရည်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည်။ အလားတူ ကျေးလက်ဒေသများ၌ တစ်ရွာ နှစ်ဧကစိုက်ခင်းများ၊ ကျေးရွာထင်းစိုက်ခင်းများနှင့် ဘက်စုံသုံးစိုက်ခင်းများထူထောင်ခြင်း၊ အာဆီယံ လမ်းမကြီး လမ်းဘေးဝဲ၊ ယာ၊ ပြည်ထောင်စုလမ်းမကြီး ဘေးဝဲ၊ ယာများတွင် အရိပ်ရ အပင်များ၊ တစ်အုပ်တစ်မသစ်တောငယ်များ စိုက်ပျိုးထူထောင်လျက်ရှိသည်။ ထို့ပြင် ရထားလမ်းဘေး ဝဲ၊ ယာတစ်လျှောက်နှင့် သစ်တောသစ်ပင်ကျဲသည့် တောင်ကုန်းထိပ်များ၊ မြစ်ချောင်းများ၏ ရေဝေရေလဲဧရိယာများနှင့် သဘာဝရေထွက် ဧရိယာများတွင် သစ်ပင်များစိုက်ပျိုးထိန်းသိမ်းခြင်းကို အရှိန်အဟုန်ဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
“နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစို့”ဟူသည့် နိုင်ငံတော်၏ မူဝါဒနှင့်အညီ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် နိုင်ငံတစ်ဝန်းမြို့ပြနှင့် ရပ်ရွာများ၊ ကျေးလက်ဒေသများတွင်ပါ သစ်တောသစ်ပင်များ၊ စိမ်းလန်းစိုပြည်သည့် သစ်တောမြေယာရှုခင်းများ၊ အစိမ်းရောင်ဧရိယာများ စဉ်ဆက်မပြတ် တိုးမြှင့် တည်ထောင်ရေးတို့ကို အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်သည်။ လူတိုင်း လူတိုင်း၊ အိမ်ထောင်စုတိုင်း၊ ကျေးရွာ၊ ရပ်ကွက်တိုင်း သစ်ပင်စိုက်ပျိုးကြရေး စည်းရုံးလှုံ့ဆော်သွားကြရမည်ဖြစ်သည်။ ယခုကဲ့သို့ လူအား၊ ငွေအားအကုန်ခံပြီး စိုက်ပျိုးထားသည့် သစ်ပင်များကို တစ်ပင်စိုက်တစ်ပင်ရှင်ဖြင့် အားလုံးရှင်သန်အောင် ဝိုင်းဝန်းပြုစုပျိုးထောင်သွားကြရမည်ဖြစ်သည်။ သစ်ပင်စိုက်ပျိုးခြင်းသည် အရိပ်အာဝါသကို ပေးစွမ်းနိုင်သည့်အပြင် သက်ရှိလူသတ္တဝါများအတွက် အကျိုးများပြီး ကုသိုလ်ရသည့် မွန်မြတ်သောလုပ်ငန်းဖြစ်သည်။
သို့ဖြစ်ရာ သစ်ပင်စိုက်ပျိုးခြင်းသည် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ပြီး သာယာ လှပမှုကိုဖြစ်စေသည့်အပြင် ကမ္ဘာကြီးပူနွေးမှုကို လျှော့ချပေးနိုင်သဖြင့် နိုင်ငံတစ်ဝန်း သစ်တောသစ်ပင်များ စနစ်တကျစိုက်ပျိုးထိန်းသိမ်းရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် နိုင်ငံတော်နှင့်အတူ ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Posted on Sep 19, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Posted on Sep 18, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Sep 17, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Posted on Sep 16, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Posted on Sep 15, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Posted on Sep 14, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်းကြေငြာခြင်း
Posted on Sep 18, 2025လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်းကြေငြာခြင်း
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ်များ ရုပ်သိမ်းကြောင်း အသိပေးကြေညာချက်
Posted on Sep 18, 2025ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသောထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြု လက်မှတ်ကိုပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုနိုင်ပါသည်။
အဝေးသင် သင်တန်းများ စာမေးပွဲဖြေဆိုမည့်ရက် ကြေညာခြင်း
Posted on Sep 18, 2025အဝေးသင် သင်တန်းများ စာမေးပွဲဖြေဆိုမည့်ရက် ကြေညာခြင်း