ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတွင် အရေးပေါ်အခြေအနေ တုံ့ပြန်ခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်
ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတွင် အရေးပေါ်အခြေအနေ တုံ့ပြန်ခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်
Ministry of Information/ Naypyitaw / June 12, 2025

နေပြည်တော် ဇွန် ၁၁
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် အရေးပေါ်အခြေအနေတုံ့ပြန်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်ဟိုတယ်ဇုန်မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော်တိုင်း မီးသတ်ဦးစီးဌာနမှူးက သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများအပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အရေးပေါ်တုံ့ပြန်မှုများနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ၏ အရေးပါမှု၊ သင်တန်းတွင် သင်ကြားပို့ချသွားမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းနည်းပြများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းတွင် လက်တွေ့သင်ကြားပို့ချပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
Posted on Jun 13, 2025ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
သတင်းထုတ်ပြန်ချက်
Posted on Jun 12, 2025နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၂-၆-၂၀၂၅ ရက်တွင် အိန္ဒိယသမ္မတနိုင်ငံ အမီဒါဘတ်မြို့အနီး၌ အိန္ဒိယလေကြောင်း AI-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ယနေ့တွင် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ ထံသို့ပေးပို့သည်။