အခက်အခဲအမျိုးမျိုးကျရောက်ချိန်တွင် စိတ်ဓာတ်ကြံ့ခိုင် ရင်ဆိုင်ကျော်လွှား

အခက်အခဲအမျိုးမျိုးကျရောက်ချိန်တွင် စိတ်ဓာတ်ကြံ့ခိုင် ရင်ဆိုင်ကျော်လွှား


Ministry of Information/ Naypyitaw / June 01, 2025
image_latest


မကြာသေးမီက မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် သေဆုံးသူ ၃၇၄၀၊ ထိခိုက်ဒဏ်ရာရသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးနေသူ ၆၇ ဦးရှိသည်။ တွက်ချက်မှုများအရ ငွေကျပ် ၃၆၂၉ ဒသမ ၂၀၈ ဘီလီယံ ပျက်စီးဆုံးရှုံးခဲ့သဖြင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများမှာ ကြီးမားလှသည်။ ပျက်စီးဆုံးရှုံးမှုကြီးမားသည့်အတွက် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပမှအကူအညီများရရှိရေးအတွက် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ချက်ချင်းအလျင်အမြန် ဆောင်ရွက်ပေးခဲ့သည်။

ထို့ကြောင့် ငလျင်လှုပ်ခတ်ပြီးနောက် ချက်ချင်းဆိုသလိုပင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၃၁၀၉ ဒသမ ၃၁၇ ရရှိခဲ့ပြီး ပြည်ပမှ ကယ်ဆယ်ရေး ဝန်ထမ်းပေါင်း ၁၀၇၀၊ ကျန်းမာရေးစောင့်ရှောက်မှုပညာရှင်များနှင့် ဆရာဝန်များ ၂၈၇ ဦးတို့ လာရောက်ကြကာ ကူညီကယ်ဆယ်စောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြသည်။ ငလျင်လှုပ်ခတ်ပြီးချိန်တွင် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ ကယ်ဆယ်ရေးဝန်ထမ်းများနှင့်အကူအညီများ လေကြောင်း၊ ရေကြောင်းနှင့် ကုန်းလမ်းခရီးလမ်းကြောင်းများမှ ရောက်ရှိလာခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီခဲ့ကြသည့် နိုင်ငံအစိုးရများနှင့် အဖွဲ့အစည်းများ၊ ကယ်ဆယ်ရေးစေတနာ့ ဝန်ထမ်းများနှင့် အလှူရှင်များအားလုံးကို ကျေးဇူးတင်ရမည်ဖြစ်သည်။

“မန္တလေးငလျင်ကြီးသည် ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုများဖြစ်ခဲ့ရုံမျှမက မိမိတို့၏ လူမှုစီးပွားဘဝများ၊ သယ်ယူပို့ဆောင်ရေးများ၊ စွမ်းအင်များ၊ ဆက်သွယ်ရေးများကိုပါ ဖျက်ဆီးဖြတ်တောက်ခဲ့ကြောင်း၊ အသက်များဆုံးရှုံးခဲ့ရပြီး နေရပ်များယာယီရွှေ့ပြောင်းခဲ့ရကြောင်း၊ ပြည်သူများ၏ စိတ်ဓာတ်ခွန်အားများကို ထိခိုက်စေသကဲ့သို့ မိမိတို့၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်တွင်လည်း ရိုက်ခတ်မှုများ အထိုက် အလျောက်ရှိခဲ့ကြောင်း၊ သို့သော်လည်း ယခု မိမိတို့သည် အင်အားရှိလှသည့် အမှန် တရားတစ်ခုနှင့် နိုးထလာခဲ့ကြကြောင်း၊ ယင်းအမှန်တရားသည် မြန်မာလူမျိုးများ၏ ပြင်းပြသည့်စိတ်ဓာတ်နှင့် စုစည်းညီညွတ်မှုသည် ငလျင်ကြောင့် ကျိုးပဲ့ပျက်စီးသွားမှုမရှိဘဲ ကြံ့ကြံ့ခံပြီးရင်ဆိုင်ကျော်လွှားနိုင်မည်ဟု မိမိအနေဖြင့် အခိုင်အမာပြောလိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကိုနေ့စဉ် မြင်တွေ့ကြားသိနေရသည်။ လူမှုစီးပွားဘဝများ ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို ဝမ်းနည်းပူဆွေးသောကဖြစ်နေကြခြင်းအစား မည်သို့မည်ပုံကူညီကြမည်၊ တည်ဆောက်ကြမည်၊ ရုန်းကန်ရှင်သန်ကြမည်ဆိုသည်ထက် မည်သို့ပို၍ကောင်းအောင် တည်ဆောက်ကြမည်ကို နိုင်ငံချစ်စိတ်ကိုအခြေခံပြီး စည်းလုံးချစ်ခင်ရင်းနှီးစွာဖြင့် ပူးပေါင်းလက်တွဲဆောင်ရွက်ကြရမည် ဖြစ်သည်။ မန္တလေးငလျင်ကြီးသည် ငလျင် ဒဏ်အန္တရာယ် တိုက်ရိုက်ထိခိုက်ခံရသူများအပါအဝင် လူပေါင်းခြောက်သိန်းခန့်အပေါ် သက်ရောက်မှုရှိခဲ့သည်။ လက်ငင်းကြုံတွေ့ထိခိုက်မှုများကို ချက်ချင်းဝိုင်းဝန်း ကုစားပေးမှုများအပြင် ငလျင်ဘေးအလွန်ကာလ ပြန်လည်ကုစားပေးနိုင်ရေး၊ မူလအခြေအနေမပျက် ရပ်တည်နိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်သည်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများရှိ လူမှုအသိုက်အဝန်းများကြားတွင် အထူးသဖြင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အသက်ဘေးမှ လွတ်မြောက်လာသူများ၏ စိတ်ထိခိုက်ခံစားရမှုများအတွက် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုများကို ထည့်သွင်းဆောင်ရွက်လျက်ရှိသည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတကာနှင့်ဒေသဆိုင်ရာမိတ်ဖက်များနှင့် လက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။ ငလျင်ဘေးပြန်လည်ထူထောင်ခြင်းကို ကာလတို၊ ကာလလတ်၊ ကာလရှည် စီမံဆောင်ရွက်ကြရမည်ဖြစ်သည်။ ငလျင်ဘေးအလွန် ပြန်လည်တည်ဆောက် ရေးကိုဆောင်ရွက်ရာတွင် ပြန်လည်နာလန်ထူအောင် လုပ်ဆောင်ခြင်းသာမကဘဲ အနာဂတ်တွင် လုံခြုံအာမခံမှုရှိသည့် နိုင်ငံတစ်နိုင်ငံဖန်တီးတည်ဆောက်နိုင်အောင် ကြိုးစားကြရမည်ဖြစ်သည်။

ပြည်သူများ၏ လူမှုစီးပွားဘဝများကို မှုန့်မှုန့််ညက်ညက်ဖျက်ဆီးခဲ့သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် ကြုံတွေ့ရသည့်အခက်အခဲများနှင့် စိန်ခေါ်မှုများကိုကျော်လွှားပြီး ပိုမိုကောင်းမွန်သည့်အနာဂတ်ကို တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ တိုက်တွန်း ပြောကြားချက်ဖြစ်သည့် “မိမိတို့ပြည်သူများအနေဖြင့်လည်း ငလျင်ဘေးကယ်ဆယ် ရေးလုပ်ငန်းများတွင် ပြသခဲ့ကြသည့် ပြည်သူများ၏ ရဲစွမ်းသတ္တိ၊ စည်းလုံးညီညွတ်မှုနှင့် ဇွဲလုံ့လများသည် မိမိတို့နိုင်ငံအတွက် အကြီးမားဆုံးသော အမျိုးသားအရင်း အနှီးများဖြစ်သည်ဟု ဂုဏ်ပြုပြောကြားလိုကြောင်း၊ နိုင်ငံကိုပြန်လည်ထူထောင်ကြ မည့်ခရီးရှည်တွင် မိမိတို့ပြည်သူများသည် မိမိတို့ကို ဦးဆောင်ခေါ်သွားမည့် ယုံကြည်မှုအလင်းတန်းများဖြစ်ကြသည်ဟုလည်း တင်စားပြောကြားလိုကြောင်း၊ မိမိတို့ပြည်သူများအနေဖြင့် ဘေးအန္တရာယ်အမျိုးမျိုး၊ အခက်အခဲအမျိုးမျိုး ကျရောက်လာသည့်အချိန်တွင် ယခုကဲ့သို့ “We are Stronger, We are Together” ဟူသည့် စိတ်သဘောထားခံယူချက်များကို ဆက်လက်မွေးမြူပြီး ကြံ့ကြံ့ခံကျော်လွှားပေးကြရန်” ဟူသည့်အချက်များကို အလေးထားမှတ်သား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။


Posted on Jun 02, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။


Posted on May 31, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။


Posted on May 30, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။


Posted on May 29, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 28, 2025
AnnouncementsExplore more >

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

Posted on Jun 2, 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၈/၂၀၂၅)

Posted on May 30, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၈/၂၀၂၅)

HOT NEWS
January 4,