အချုပ်အခြာနှင့် နယ်မြေရည်မှန်းချက် အမှန်တကယ်မဖြစ်ခဲ့သည့် အမှု
အချုပ်အခြာနှင့် နယ်မြေရည်မှန်းချက် အမှန်တကယ်မဖြစ်ခဲ့သည့် အမှု
Ministry of Information/ Naypyitaw / January 12, 2026
လူမျိုးတုံးသတ်ဖြတ်မှုဆိုသည့် စွပ်စွဲချက်နှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး ကြားနာပွဲသို့တက်ရောက်ရန် သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ ၉ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီး ယခုအခါနယ်သာလန်နိုင်ငံသည်ဟိတ်ဂ်မြို့တွင် ရောက်ရှိနေပြီဖြစ်သည်။ ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် အဆိုပါတရားရုံးကြားနာပွဲတွင် မြန်မာနိုင်ငံက ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိလည်းကောင်း၊ ဇန်နဝါရီ ၂၈ ရက်မှ ၂၉ ရက်အထိလည်းကောင်း နှစ်ကြိမ်လျှောက်လဲရမည်ဖြစ်သည်။
စင်စစ် ဤအမှုသည်နောက်ကွယ်မှ ဉာဏ်ကြီးရှင်တို့က အကွက်ချဖန်တီးကာ နိုင်ငံတကာမျက်နှာစာတွင် အာရုံစိုက်မှုရရှိရန်နှင့် မြန်မာနိုင်ငံကို တရားခံအခြေအနေသို့ရောက်ရှိစေရန် ဆင်ထားသည့် အမှုတစ်ခုသာဖြစ်သည်။ ဤအမှုနှင့်ပတ်သက်သည့် နောက်ခံအကြောင်းအရာများသည်လည်းကောင်း၊ အမှုဖြစ်စဉ်နှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံရခိုင်ပြည်နယ်နှင့်ပတ်သက်၍လည်းကောင်း နိုင်ငံတကာမီဒီယာများတွင် မည်သည့်အခါကမျှ ပြည့်စုံစွာ၊ မှန်ကန်စွာ၊ မျှတစွာဖော်ပြခြင်းမခံခဲ့ရ။ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသကို အခြေပြုကာ လူ့အခွင့်အရေးချိုးဖောက်မှုခေါင်းစဉ်ဖြင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းသို့ရောက်အောင် နည်းဗျူဟာကျကျ ဆွဲယူသွားနိုင်ခဲ့သောထိုကိစ္စသည် မြန်မာနိုင်ငံအနေဖြင့်မူ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြဿနာတစ်ခု ဖြစ်ခဲ့ပြီး ယခုအခါတွင်မူ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်နိမိတ်တို့ကို ထိပါးနိုင်သည်အထိ အန္တရာယ်ကြီးသည်ဟု မြန်မာတစ်မျိုးသားလုံးက ရှုမြင်နေကြသည့် ပြဿနာတစ်ခုဖြစ်လာပြီ ဖြစ်သည်။
တစ်ဖက်သတ်ဖော်ပြခဲ့သည့် နိုင်ငံတကာမီဒီယာများအရ မြန်မာနိုင်ငံအစိုးရ၊ မြန်မာ့တပ်မတော်၊ ဒေသခံရခိုင်တိုင်းရင်းသားများ စသည်တို့မှာ ရာဇဝတ်မှုကျူးလွန်သူ၊ ဆိုးသွမ်းသူများအဖြစ် ပုံဖော်ခြင်းခံရပြီး ဤအမှု၏ဇာတ်ဆောင်များဖြစ်သော ဘင်္ဂါလီလူမျိုးများကို ကမ္ဘာပေါ်တွင် ခွဲခြားဖိနှိပ်ဆက်ဆံမှုအခံရဆုံး လူနည်းစု၊ လူမျိုးတုံးသတ်ဖြတ်ခံကြရသည့် သားကောင်များအဖြစ် ဇာတ်နာအောင် သုံးနှုန်းဖော်ပြကြသည်။ ကာလရှည်ကြာသည့် သမိုင်းနောက်ခံရှိပြီး ရှုပ်ထွေးသည့် ဤဇာတ်လမ်းတွင် နိုင်ငံရေးရည်မှန်းချက်ဖြင့် နောက်ကွယ်မှကြိုးကိုင်လှုပ်ရှားနေသည့် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုထက်မနည်းရှိနေသော်လည်း ၎င်းတို့နှင့်ပတ်သက်၍ နိုင်ငံတကာသတင်းများတွင် မှိန်ဖျောက်ထားကြသည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာသံတမန်အသိုင်းအဝိုင်းတို့နှင့် ချိတ်ဆက်လှုပ်ရှားနေကြသည့် နိုင်ငံရေးသမားများကလည်း ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်များကိုဖုံးကွယ်၍ လူ့အခွင့်အရေးခေါင်းစဉ်ဖြင့် လှုပ်ရှားနေကြခြင်းဖြစ်သည်။ ၎င်းတို့၏ ကျောထောက်နောက်ခံ နိုင်ငံအဖွဲ့အစည်းများကလည်း ငွေကြေးထောက်ပံ့မှုများဖြင့် ဝိုင်းဝန်းအားဖြည့်ကာ ၎င်းတို့၏ကိုယ်စား ဂမ်ဘီယာကဲ့သို့သော မြန်မာနိုင်ငံနှင့်အလှမ်းဝေးကွာလှသည့်နိုင်ငံကို ၎င်းတို့၏အကျိုးစီးပွားထိခိုက်ခြင်းလည်းမရှိ၊ အမှန်တကယ်ဖြစ်ပေါ်ခြင်းလည်း မရှိခဲ့သည့်ဖြစ်စဉ်အတွက် တရားစွဲစေခဲ့ခြင်းဖြစ်သည်။
တကယ့်အဖြစ်အပျက်သည် ARSA အကြမ်းဖက်သမားတို့က ရခိုင်မြောက်ပိုင်းတွင် ရဲကင်းစခန်း ၃၀ ကို သာလွန်အင်အားများသုံး၍ ဝင်ရောက်တိုက်ခိုက်ကာ ဒေသခံတိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ ဒေသခံဘင်္ဂါလီများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးစေခြင်းတို့ကို အကွက်ချစီမံပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်၏ တိုက်ခိုက်မှုများမှာ အကြမ်းဖက်မှုကို တုံ့ပြန်ချေမှုန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ရခိုင် ပြည်နယ်တွင် ကမန်ကဲ့သို့သော တိုင်းရင်းသားများရှိသကဲ့သို့ အကြမ်းဖက်မှုကို လက်မခံသည့် ဘင်္ဂါလီအစ္စလာမ်ဘာသာဝင်များ လည်းရှိရာ ဒေသခံတိုင်းရင်းသားတို့နှင့် ငြိမ်းချမ်းစွာ နေထိုင်နေကြ ခြင်းဖြစ်သည်။ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြသည့် ဘင်္ဂါလီများကိုလည်း အထောက်အထားများပြည့်စုံပါက ပြန်လည်လက်ခံမည်ဟု အတိအလင်းပြောကြားထားပြီးလည်းဖြစ်သည်။ သို့ရာတွင် အကြမ်းဖက်သမားများနှင့် သိက္ခာမဲ့နိုင်ငံရေးသမားများ၏ ရည်မှန်းချက်မှာ လူဝင်မှုပြဿနာပြေလည်ရေးနှင့် နိုင်ငံသားပြုခွင့်ရရေးမဟုတ်ဘဲ နယ်မြေနှင့်အာဏာအတွက်သာဖြစ်ရာ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်နိမိတ်တို့ကို ကာကွယ်စောင့်ရှောက်ရာတွင် တိုင်းရင်းသူတိုင်းရင်းသား၊ နိုင်ငံသူနိုင်ငံသားအားလုံးက ပူးပေါင်းပါဝင်ကြရပါမည့်အကြောင်း။ ။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
Posted on Jan 12, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
Posted on Jan 11, 2026
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)
Posted on Jan 9, 2026ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)
Posted on Jan 9, 2026ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)
စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၆၁၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
Posted on Jan 9, 2026စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
