အခွန်ဆိုင်ရာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ ကျင်းပ
အခွန်ဆိုင်ရာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ ကျင်းပ
Ministry of Information/ Naypyitaw / February 26, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၅
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနက ကြီးမှူး၍ အခွန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရာထမ်းများအတွက် အခွန်ဆိုင်ရာအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန ရုံးအမှတ် (၄၆) ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်သွင်ဦး၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူ အရာထမ်းများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ခေတ်တွင် အခွန်စနစ်ကို ပိုမိုကောင်းမွန်အောင် ခေတ်မီနည်းပညာများနှင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိကြကြောင်း၊ အခွန်နှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် ဆက်စပ်နေသည့် အခြားအစိုးရဌာနများမှ ဝန်ထမ်းများ၏ အခွန်ဆိုင်ရာသိမြင်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် မရှိမဖြစ်လိုအပ်သဖြင့် ယခုကဲ့သို့သင်တန်းကို သီးသန့်စီစဉ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် မိမိတို့ဌာနအသီးသီးတွင် လုပ်ငန်းများ ဆောင်ရွက်ကြသည့်အခါ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွက် ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေများ ကောက်ခံရာတွင် ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း၊ ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် ရှင်းလင်းသည့် အခွန်ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးနိုင်ရန်၊ နိုင်ငံသားတိုင်း အခွန်ဆိုင်ရာ အခွင့်အရေးနှင့် တာဝန်များကို သိရှိနားလည်စေရန် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း မှာကြားသည်။
ယခုဖွင့်လှစ်သည့်သင်တန်းသို့ အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ စုစုပေါင်းအရာထမ်း ၄၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တနှစ်ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
“ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
Posted on Feb 24, 2026ဖေဖော်ဝါရီ ၂၃ ရက်က စတင်ကျင်းပသော နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း Grade-5 နှင့် Grade-9 စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ရှိ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသည့် Grade-5 ကျောင်းသား ကျောင်းသူ (၇၂)ဦးနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ(၈၉)ဦး စုစုပေါင်း(၁၆၁)ဦးတို့သည် ဖြေဆိုခွင့်ကတ်ပြားများ လက်ဝယ်ရှိသော်လည်း စာစစ်ဌာနသို့ သွားရောက်ဖြေဆိုရာတွင် ဖြေဆိုခွင့်မရရှိခဲ့သော ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။
အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း
Posted on Feb 24, 2026အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း
မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Feb 24, 2026မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
