အများပြည်သူအခွင့်အရေးများအား နှောင့်ယှက်ဖျက်ဆီးမှုများကိုရှုတ်ချ

အများပြည်သူအခွင့်အရေးများအား နှောင့်ယှက်ဖျက်ဆီးမှုများကိုရှုတ်ချ


Ministry of Information/ Naypyitaw / December 11, 2025
image_latest


မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသောနိုင်ငံဖြစ်သည်။ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်ရန် တစ်တိုင်းပြည်လုံးရှိ ပြည်သူများ၏ ဆန္ဒအရ ပေါ်ပေါက်လာခြင်းဖြစ်သည်။ တပ်မတော်အနေဖြင့် ဒီမိုကရေစီတည့်မတ်မှန်ကန်စွာဖြစ်ပေါ်လာစေရန်အတွက် လမ်းခင်းပုံဖော်ပေးခဲ့သည်။ ဒီမိုကရေစီအသွင်ကူးပြောင်းမှု၊ ဒီမိုကရေစီနိုင်ငံတည်ဆောက်မှုတွင်လည်း တပ်မတော်က ဖြောင့်မှန်သောစေတနာဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

မျက်မှောက်ကာလတွင် ဒီမိုကရေစီအစိုးရနှစ်ဆက်တိုင်တိုင် ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းခဲ့ပြီးနောက် တတိယအကြိမ် ဒီမိုကရေစီအစိုးရသက်တမ်းအတွက် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲပြုလုပ်ရာတွင် မဲမသမာမှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံ့တာဝန်များကို ခေတ္တတာဝန်ယူဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်အား ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဆက်လက်လျှောက်လှမ်းနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ယခုအခါ ဒီမိုကရေစီစနစ်တွင် အရေးအကြီးဆုံးဖြစ်သည့် ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးကို လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် မကြာမီတွင် အထွေထွေရွေးကောက်ပွဲကြီးကို အပိုင်းလိုက်ကျင်းပတော့မည်ဖြစ်သည်။

တရားမျှတပြီး လွတ်လပ်သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျမှန်ကန်စွာဆောင်ရွက်ခဲ့ရာ ရွေးကောက်ပွဲဝင်ခွင့်ရသည့် ပါတီများနှင့် ကိုယ်စားလှယ်များအနေဖြင့် အပြိုင်အဆိုင်မဲဆွယ်စည်းရုံးရေးကို ဥပဒေနှင့်အညီ ပြုလုပ်နေကြပြီဖြစ် သည်။ တပ်မတော်အနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ပေါက်လာရေးအတွက် အရေးကြီးသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အလေးထားဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ရေးကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အင်တိုက်အားတိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ရွေးကောက်ပွဲဆိုသည်မှာ နိုင်ငံတော်ကို ဦးဆောင်မည့် အုပ်ချုပ်ရေးယန္တရားအပြောင်းအလဲအတွက် အချိုးအကွေ့တစ်ခုဖြစ်သည်။ အပြောင်းအလဲတစ်ခုဖြစ်ပေါ်လာရန် လွတ်လပ်ပွင့်လင်းပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သကဲ့သို့ အရည်အချင်းရှိသည့် ပါတီနှင့်ကိုယ်စားလှယ်များအား ပြည်သူများက ရွေးချယ်ပေးရမည်ဖြစ်သည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူအားလုံးမဲပေးနိုင်ရေးအတွက် စည်းရုံးခြင်းအပြင် ဒေသအလိုက်အဖျက်အမှောင့်လုပ်ငန်းများမရှိစေရေး၊ ရွေးကောက်ပွဲလုံခြုံရေး စနစ်တကျဆောင်ရွက်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်ခြင်းဖြင့် အောင်မြင်သည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ယခုအခါ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပတော့မည်ဖြစ်၍ ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ ပြည်တွင်း၊ ပြည်ပမှ အဖျက်အမှောင့် အနှောင့်အယှက်များ ဆက်တိုက်ပြုလုပ်လာကြသည်ကို တွေ့ရမည်ဖြစ်သည်။ ရွေးကောက်ပွဲကို အနှောင့်အယှက်ပေးခြင်းသည် နိုင်ငံတော်နှင့်ပြည်သူအများ၏ ဆန္ဒကိုဖျက်ဆီးခြင်းဖြစ်၍ အနှောင့်အယှက်များကို ဝိုင်းဝန်းဆန့်ကျင် ဟန့်တားကြရမည်ဖြစ်သည်။ ရွေးကောက်ပွဲကို မလိုလားသော အဖျက်အမှောင့်များသည် ပြည်ပနိုင်ငံများမှ တွန်းအားပေးနေခြင်းဖြစ်၍ ပြည်တွင်းမှ မသိနားမလည်သူများ၊ သိလျက်နှင့် ဥပဒေချိုးဖောက်သူများအနေဖြင့် ရွေးကောက်ပွဲနှောင့်ယှက်ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ ဥပဒေအရအရေးယူခံရမည်ကို သတိပြုဖို့လိုသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်းစသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုင်ငံတစ်ဝန်းရှိ နေရာဒေသများအလိုက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့် ထိရောက်စွာအရေးယူဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။

သို့ဖြစ်ရာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် နိုင်ငံတော်နှင့် ပြည်သူများ၏ လိုလားချက်ဖြစ်သည့်အပြင် အနာဂတ်နိုင်ငံတော်အတွက် အရေးကြီးသော ကောင်းမွန်သည့် အပြောင်းအလဲအရွေ့တစ်ခုဖြစ်သဖြင့် ရွေးကောက်ပွဲအောင်မြင်ထမြောက်ရေးအတွက် တိုင်းရင်းသားပြည်သူအားလုံး ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြပါရန်နှင့် ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားဖျက်ဆီးသူများအား ဝိုင်းဝန်းဆန့်ကျင် တိုက်ဖျက်ရှုတ်ချကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Mar 10, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Posted on Mar 09, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 08, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Posted on Mar 07, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Posted on Mar 06, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Posted on Mar 05, 2026
AnnouncementsExplore more >

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၂၈-၂-၂၀၂၆)

Posted on Mar 9, 2026

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၂၈-၂-၂၀၂၆)

အများပြည်သူသို့ အသိပေးကြေညာခြင်း

Posted on Mar 7, 2026

အများပြည်သူသို့ အသိပေးကြေညာခြင်း

အများပြည်သူသို့ အသိပေးကြေညာ

Posted on Mar 7, 2026

အများပြည်သူသို့ အသိပေးကြေညာ