အမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် အဓမ္မလက်ထပ်ထိမ်းမြားစေခြင်းဖြင့်ရရှိသော ငွေကြေးအကျိုးအမြတ်အား ပူးပေါင်းခေါင်းပုံဖြတ်ရယူဆောင်ရွက်ခဲ့ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်
အမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် အဓမ္မလက်ထပ်ထိမ်းမြားစေခြင်းဖြင့်ရရှိသော ငွေကြေးအကျိုးအမြတ်အား ပူးပေါင်းခေါင်းပုံဖြတ်ရယူဆောင်ရွက်ခဲ့ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်
Ministry of Information/ Naypyitaw / May 23, 2026
နေပြည်တော် မေ ၂၂
အမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် အဓမ္မလက်ထပ်ထိမ်းမြားစေခြင်းဖြင့် ရရှိသော ငွေကြေးအကျိုးအမြတ်အား ပူးပေါင်းခေါင်းပုံဖြတ်ရယူဆောင်ရွက်ခဲ့ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် (၁၆၈) ရပ်ကွက်နေ အမျိုးသမီးတစ်ဦးနှင့် မရမ်းကုန်းမြို့နယ် (၂) ရပ်ကွက်နေ အမျိုးသမီးတစ်ဦးတို့ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ရွှေညောင်ပင်ရပ်ကွက်နေ မလုတောင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် (၁၆၈) ရပ်ကွက်နေ မကရင်မ (ခ) မဝင်းဆန်းနှင့် လိပ်စာတူ မခင်သီတာ (ယခုတရုတ်နိုင်ငံ နေထိုင်သူ) တို့ သုံးဦးက တရုတ်ဇနီးမယားအဖြစ် တစ်နှစ်ပေါင်းသင်းနေထိုင်ပါက မြန်မာကျပ်ငွေသိန်း ၁၅၀ ရရှိမည်ဖြစ်ကြောင်း စည်းရုံးပြောဆိုပြီး ရန်ကုန်မှ တရုတ်နိုင်ငံ ရွှေလီမြို့သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့်ဖြင့် ပို့ဆောင်ကာ တရုတ်အမျိုးသားများနှင့် ပေါင်းသင်းနေထိုင်စေခဲ့သည်။
ထို့နောက် တရုတ်နိုင်ငံသို့ ထပ်မံသွားရောက်ရန် နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးခြင်းနှင့် ကြိုတင်ငွေထုတ်ပေးခြင်းများအပြင် တရုတ်အမျိုးသားများထံမှ အမျိုးသမီးများခေါ်ယူပေးမှုအတွက် ယွမ် ၂၀၀၀၀မှ ၁၅၀၀၀ဝ အထိ ရယူဆောင်ရွက်ခဲ့ကြကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ဒဂုံဆိပ်ကမ်းမြို့မရဲစခန်း (ပ) ၁၅၇/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး မေ ၁၉ ရက်တွင် ဒဂုံမြို့သစ်ခရိုင်တရားရုံးမှ ဖမ်းမိတရားခံ မကရင်မ (ခ) မဝင်းဆန်းနှင့် မလုတောင်တို့ နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မခင်သီတာကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Posted on Jan 31, 2025၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Posted on Jul 19, 2024
